MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်း အသင်းအတွက် ပထမဦးဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် အေဂျက်စ်အသင်းရဲ့နယ်သာလန်ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကို ခေါ်ယူလိုက်နိုင်ပြီဖြစ်ပြီး ဗန်ဒယ်ဘိခ်အနေနဲ့ ဦးနှောက်ထိခိုက်ထားလို့ ဘောလုံးမကစားနိုင်တော့တဲ့ သူရဲ့အေဂျက်စ်အသင်းဖော်ဟောင်း နူရီရဲ့ကျောနံပါတ် (၃၄)ကို ယူနိုက်တက်မှာ ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

နယူးကာဆဲလ်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီကို တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ ဘုန်းမောက်အသင်းရဲ့ စကော့တလန်တာင်ပံကစားသမား ရိုင်ယန်ဖရေဆာနဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ကော်လန်ဝီလ်ဆန်တို့နှစ်ဦးလုံးကို အခုနွေစျေးကွက်အတွင်းမှာပဲ တစ်ပါတည်းခေါ်ယူသွားဖွယ် ရှိလို့နေပါတယ်။

ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ မန်စီးတီးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ရောက်ရှိလာခဲ့ပြီး ရီးရဲလ်အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးလျက်ရှိနေတဲ့ စပိန်ကွင်းလယ်ကစားသမား ဘရာဟင်ဒီယက်ဇ်ဟာ အခုနှစ်နွေစျေးကွက်အတွင်းမှာ စီးရီးအေကလပ် အေစီမီလန်အသင်းဆီကို ပြောင်းရွှေ့သွားတော့မှာဖြစ်ကာ မီလန်မြို့ဆီကိုပါ ရောက်ရှိနေပြီလို့ သိရှိရပါတယ်။

ပြင်သစ်လီဂူးကလပ် ရန်းစ်အသင်းက ချယ်လ်ဆီးအသင်းဘက်နေ ခေါ်ယူဖို့အတွက် စိတ်ဝင်စားလျက်ရှိနေတဲ့ သူတို့ရဲ့ဂိုးသမားဖြစ်သူ အက်ဒွာမန်ဒီကို ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၃၀)အထိ ကမ်းလှမ်းလာမှသာ စဉ်းစားသွားမယ်လို့ တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရ အဲဗာတန်အသင်းဟာ နာပိုလီကွင်းလယ်လူအယ်လန်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကိုလံဘီယာ တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့နှစ်ယောက်လုံးကို အပြီးသတ်ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်းနဲ့ ဝက်ဖိုဒ့်ကွင်းလယ်ကစားသမား ဒူကိုရီကိုလည်း ခေါ်ယူနိုင်ဖို့က ခေါ်ယူနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ်နောက်ခံကစားသမား ဒေးယော့အူပါမီကာနိုအပြင် အင်တာမီလန်အသင်းရဲ့ နောက်ခံလူ ရှကရီညာတို့ထဲက တစ်ယောက်ယောက်ကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပြီး အသင်းရဲ့နောက်ခံကစားသမား ခရစ်စမောလင်းကိုလည်း ရိုးမားအသင်းဆီကို အပြီးသတ်ရောင်းချသွားတော့မှာပဲဖြစ်ပါတယ်။