MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၂၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပီအက်စ်ဂျီအသင်းရဲ့ အာဂျင်တီးနားတောင်ပံတိုက်စစ်ကစား အိန်ဂျယ်ဒီမာရီယာဟာ မာဆေးလ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်အသင်းမှာ ပြိုင်ဘက်ကစားသမားတစ်ယောက်ကို တတွေးနဲ့ထွေးခဲ့မှုကြောင့် လာမယ့်လီဂူးပွဲစဉ်(၄)ပွဲအထိကို ပွဲပယ်ပြစ်ဒဏ်ချခံသွားရတော့မယ်လို့ သိရပါတယ်။

ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေ တစ်ယောက်တစ်လေမှ ခေါ်ယူထားခြင်းမရှိသေးတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းက အသင်းရဲ့ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် စိန့်အန်တီယန်အသင်းရဲ့ ဗဟိုနောက်ခံကစားသမား ဝက်စ်လေဖိုဖာနာကို ပြောင်းရွှေ့ကြေး ယူရို(၂၅)သန်းနဲ့ ကမ်းလှမ်းထားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကလည်း သူတို့အသင်းရဲ့ လူငယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူဒစ်ကလန်ရိုက်စ်ကို ဝက်စ်ဟမ်းအသင်းကနေ ပြန်လည်ခေါ်ယူရာမှာ ငွေကြေးပိုင်းကို စိတ်ချလက်ချ သုံးစွဲနိုင်ဖို့အတွက် အသင်းရဲ့ဂျာမန်နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါကနေ ရောင်းထုတ်သွားကာ အသုံးစရိတ်ရှာဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ Plan D သာဖြစ်ပြီး ဂျေဒန်ဆန်ချို ဂါရတ်ဘေးလ်နဲ့ ဒမ်ဘီလီရဲ့အသင်းဖော် အန်ဆူဖာတီတို့ကို ခေါ်ယူဖို့ ခက်ခဲနေခဲ့လို့သာ ဒမ်ဘီလီကိုပဲ တစ်ရာသီအငှားနဲ့ ကမ်းလှမ်းလာဖို့ ပြင်ဆင်လာခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

အာဆင်နယ်အသင်းမှာ အနာဂတ်လှုပ်ခတ်နေတဲ့ ဥရုဂွေးကွင်းလယ်ကစားသမား လူးကပ်စ်တော်ရဲရားကို အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ တိုရီနိုအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားကြနေပေမယ့်လည်း နှစ်သင်းလုံးက အငှားနဲ့သာ ခေါ်ယူချင်လိုနေပြီး အာဆင်နယ်ကတော့ တော်ရဲရားကို အသင်းကနေ အပြီးသတ်သာ ရောင်းချသွားချင်နေပါတယ်။