MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၂၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဝုလ်ဗ်အသင်းကတော့ ပေါ်တူဂီကစားသမားတွေကို ဆက်လက်ခေါ်ယူအားဖြည့်သွားဖို့အတွက် လုပ်ဆောင်လျက်ရှိနေရာ အခုလည်း ဘာစီလိုနာအသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် ညာနောက်ခံကစားသမား နယ်ဆင်ဆီမီဒိုကို ပြောင်းရွှေ့ကြေး ပေါင်(၂၉)သန်းနဲ့ ခေါ်ယူသွားဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေပြီလို့ သိရှိရပါတယ်။

ရုရှားနာမည်ကျော် ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ စပါးတပ်မော်စကိုအသင်းဟာ စပါးအသင်းရဲ့ ညာနောက်ခံကစားသမား ဆာ့ချ်အော်ရီယာကို ခေါ်ယူသွားနိုင်ဖို့ ယုံကြည်မှုပြည့်ဝနေလျက်ရှိပါတယ်။ အော်ရီယာဟာ စပါးအသင်းကို ဝုလ်ဗ်နောက်ခံအစွန်လူ ဒိုဟာသီရောက်ရှိလာပြီးနောက်မှာ အသင်းအတွက် ပွဲထွကကစားခွင့်တွေ ပျောက်ဆုံးလာခဲ့ရတာကြောင့် အသင်းနဲ့ လမ်းခွဲဖို့ကိုပဲ ဆုံးဖြတ်လာခဲ့တာဖြစ်ပါတယ်။

မနှစ်က ဘောလုံးရာသီအတွင်း ဆွမ်ဆီးအသင်းမှာ အငှားနဲ့သွားရောက်ပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ အင်္ဂလန်လူငယ်တိုက်စစ်ကစားသမားလေး ရာဟန်ဘရူစတားကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းများစွာကနေ အပြိုသ်စိတ်ဝင်စားလျက်ရှိနေကြတဲ့အထဲမှ ခရစ္စတယ်ပဲလေ့စ်အသင်းက ဘရူစတားကို ပေါင်သန်း(၂၀)နဲ့ ခေါ်ယူသွားနိုင်ဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

လတ်တလောမှာ အနာဂတ်အခြေအနေတွေ လှုပ်ခတ်လျက်ရှိနေတဲ့အပြင် ကြားရက်က ကစားခဲ့တဲ့ ဘူဂေးရီးယားကလပ် ပလော့ဒစ်အသင်းနဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲစဉ်နဲ့ ဒီနေ့ညမှာ ကစားသွားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းရဲ့ပွဲထွက်လူစာရင်းကနေ ဆက်တိုက်ချန်လှပ်ခံခဲ့ရတဲ့ အလီဟာ ကောလဟာလတွေ ထွက်ပေါ်နေသလို အသင်းနဲ့ လမ်းခွဲမှာမဟုတ်ပဲ အသင်းမှာပဲ သူရဲ့အနာဂတ်က ဆက်လက်ရှိနေမှာဖြစ်တယ်လို့ နည်းပြမော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းရဲ့နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာက လက်ရှိမှာ သူအနေနဲ့ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေရပြီဆိုပေမယ့်လည်း မန်ချက်စတာမှာပဲ နှစ်ရှည်များစွာ ဆက်လက်ရှိနေချင်ပြီး မန်စီးတီးအသင်းကိုလည်း အောင်မြင်မှုပေါင်းများစွာ ရယူပေးသွားချင်သေးတယ်လို့ ပြောဆိုလာခဲ့ပါတယ်။