MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်စီးတီးအသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ နာပိုလီအသင်းရဲ့ ဆီနီဂေါလက်ရွေးစင် နောက်ခံကစားသမား ကူလီဘလီကို ခေါ်ယူသွားနိုင်ဖို့အတွက် အထူးကြိုးပမ်းလျက်ရှိနေပြီး လက်ရှိမှာတော့ ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီးဖြစ်တယ်လို့ France Football ကနေ ဖော်ပြလာခဲ့ပါတယ်။

ဆွီဒင်လက်ရွေးစင်ဟောင်း ဝါရင့်တိုက်စစ်ကစားသမားကြီးဖြစ်သူ ဇာလာတန်အီဗရာဟီမိုဗစ်ဟာ လက်ရှိ သူရဲ့ကလပ်အသင်းဖြစ်တဲ့ အေစီမီလန်အသင်းမှာ နောက်ထပ်တစ်ရာသီ ဆက်လက်ကစားသွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာကြောင့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကို မီလန်အသင်းနဲ့ ဆက်လက်ဖြတ်သန်းသွားတော့မှာဖြစ်ပါတယ်။

မနှစ်က ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းဆီ တစ်ရာသီအငှားနဲ့ လာရောက်ကစားခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမား ဒန်နီစီဘယ်ယို့စ်ဟာ အငှားစာချုပ်ပြည့်မြောက်လို့ မက်ဒရစ်ကို ပြန်သွားခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းထံ နောက်ထပ်တစ်ရာသီ အငှားနဲ့လာရောက်ကစားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ဒီနှစ်နွေစျေးကွက်မှာပဲ အသင်းကနေ သေချာပေါက်ထွက်ခွာတော့မယ့် စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာကို လီဗာပူးလ်အသင်းဘက်ကနေ ကြိုးပမ်းလျက်ရှိနေပေမယ့် အပြောင်းအရွှေ့အထမမြောက်နိုင်သေးတာကြောင့် ဒီအခြေအနေုကို ယူနိုက်တက်အသင်းဘက်ကနေ အသုံးချသွားပြီး သီယာဂိုကို ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အာမေနီးယား ကွင်းလယ်ကစားသမား ဟင်းနရစ်မစ်ခီတာရန်ကို စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းနဲ့လမ်းခွဲဖွယ်ရှိနေတဲ့ လူငယ်ကစားသမားလေး မီလန်းနိုင်းစ်နဲ့ လတ်တလောမှာ လက်စွမ်းပြသလို့နေတဲ့ ဂိုးသမားမာတီနက်ဇ်တို့ကို စာချုပ်သစ်တွေ ချုပ်ဆိုသွားဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။