MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၁၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ အီတလီညာနောက်ခံကစားသမား ဇာပါကော်စတာကို ပြီးခဲ့တဲ့ရာသီတုန်းက ရိုးမားအသင်းဆီ အငှားချခဲ့သလို အခုလည်း နောက်ထပ်စီးရီးအေကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂျီနိုအာအသင်းဆီ တစ်ရာသီထပ်မံအငှားချသွားဖို့ သဘောတူညီမှုခဲ့ပြီဖြစ်ပြီး မနက်ဖြန်မှာပဲ ဆေးစစ်မှုတွေ ခံယူသွားတော့မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်းဆီကို ပေါင်သန်း(၂၀)နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘရန့်ဖိုဒ့်ဂိုးသမား ဒေးဗစ်ရာယာကို ပြောင်းရွှေ့ကြေး ပေါင်(၁၀)သန်းနဲ့ ကမ်းလှမ်းလာခဲ့ရာ ဘရန့်ဖို့ဒ်အသင်းဘက်ကနေ ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။

ဝါရင့်အာဂျင်တီးနား တိုက်စစ်ကစားသမားကြီး ဂွန်ဇာလိုဟီဂွာအင်ဟာ ဂျုဗင်တပ်စ်အသင်းကနေ တရားဝင်ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး သူရဲ့ဂျုဗင်တပ်စ်အသင်းဖော်ဟောင်း ကွင်းလယ်ကစားသမားမာတွီဒီရှိရာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရှိရပါတယ်။ ဟီဂွာအင်ဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ဝင်ငွေအကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ်ပါ သတ်မှတ်ခံလာရဖွယ် ရှိနေပါတယ်။

လာမယ့်စနေနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၂)အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းဘက်က နောက်ခံကစားသမားတွေဖြစ်ကြတဲ့ ဂျိမ်းစ်တွမ်ကင်းစ် ဂယ်ရီကာဟေး နေသန်ဖာဂူဆန်နဲ့ ပက်ထရစ်ဗန်အန်ဟော့တို့ ပါဝင်ကစားနိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ နောက်ခံကစားသမားသစ်များဖြစ်ကြတဲ့ သီယာဂိုဆေးဗားနဲ့ ဘန်ချီဝဲလ်တို့နှစ်ယောက်ဟာ အသင်းနဲ့လေ့ကျင့်ခန်းတွေဆင်းနေကြပြီဖြစ်လို့ လာမယ့်တစ်ပတ် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားဖို့ အခြေအနေကောင်းလို့နေပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်နောက်ခံအစွန်လူ ရယ်ဂီလွန်ကို မခေါ်ယူနိုင်ခဲ့တဲ့အတွက် ပေါ်တိုအသင်းရဲ့ဘရာဇီးဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ကိုပဲ ပြောင်းရွှေ့ကြေး ပေါင်(၁၈)သန်းနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။