MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၁၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

နွေစျေးကွက်အတွင်းမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ် အယ်လန်နဲ့ ဒူကိုရီတို့ ကစားသမားသစ်(၃)ဦးကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့တဲ့ အဲဗာတန်အသင်းဟာ လက်ရှိမှာ အသင်းရဲ့စီနီယာကစားသမား(၉)ယောက်လောက်ကို ရောင်းချသွားဖို့  ပြင်ဆင်လျက်ရှိနေပြီး ဒီကစားသမားတွေထဲမှာ ဆီဂတ်ဒ်ဆန်နဲ့ သီအိုဝဲလ်ကော့တို့လည်း ပါဝင်လျက်ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ မနေ့ညက ဘရိုက်တန်အသင်းကို (၁)ဂိုး(၃)ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတလျှောက် အမှတ်(၂၀၀၀)ပြည့်မြောက်ခဲ့တဲ့ တတိယမြောက်အသင်း ဖြစ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့အထက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက အမှတ်ပေါင်း(၂၂၃၄)မှတ်နဲ့ ပထမနေရာနဲ့ အာဆင်နယ်က အမှတ်ပေါင်း(၂၀၁၄)မှတ်နဲ့ ဒုတိယနေရာတို့မှာ အသီးသီးရပ်တည်နေပါတယ်။

ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံကစားသမား ဆာဂျီအိုရယ်ဂီလွန်ကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့အပြိုင် စပါးအသင်းက ကြားဖြတ်ခေါ်ယူသွားဖို့ ကြိုးပမ်းလာခဲ့ရာ ရီးရဲလ်ဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)နဲ့ Buy-Back အချက်အလက်ကို သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ ယူနိုက်တက်ကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခြေအနေတွေကြောင့် သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို လိုင်ယွန်အသင်းကနေ မခေါ်ယူခင်မှာ အသင်းရဲ့ဝါရင့်တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်ကို အရင်ရောင်းထုတ်ပြီး ဘတ်ဂျက်ပြန်လည်ရှာဖွေသွားဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

အသက်(၃၁)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်ကစားသမား ချူပိုမိုတင်းဟာ အသင်းကနေ ကမ်းလှမ်းလာခဲ့တဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ်ကို ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။ စတုတ်စီးတီးအသင်းရဲ့တိုက်စစ်မှူးဟောင်း လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေခဲ့ရပြီး မကြာခင်မှာပဲ သူရဲ့အသင်းသစ်ကို ရှာဖွေသွားဖွယ် ရှိလို့နေပါတယ်။