MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၁၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ည(၇)နာရီခွဲအချိန်က အက်စတွန်ဗီလာအသင်းနဲ့ ဗီလာပတ်မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဗီလာကို တစ်ဂိုးတည်းနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒီဘိခ်လည်း ပါဝင်ခဲ့ပါတယ်။

ဒီနှစ်နွေစျေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းကို ကစားသမားသစ်တွေများစွာ ရောက်ရှိလာခဲ့တာကြောင့် အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ နည်းပါးလာဖွယ်ရှိနေတဲ့ လူငယ်တောင်ပံကစားသမားလေး ဟတ်ဆန်အိုဒွိုင်းကို ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်က အသင်းကနေ အငှားချသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

လတ်တလောမှာ ဘောလုံးလောကအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ အလွန်ဖြစ်ပွားနေခဲ့ရပြီး လက်ရှိမှာလည်း စပိန်လာလီဂါပြိုင်ပွဲရဲ့ ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့နည်းပြကြီး ဒီယေဂိုဆီမြွန်နီလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့ဂိုးသမားမာတီနက်ဇ်ကို အက်စတွန်ဗီလာအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၁၆)သန်းနဲ့ ရောင်းချသွားဖို့ သဘောတူညီလိုက်ပြီးတဲ့နောက်မှာ သူ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဘရန့်ဖိုဒ့်အသင်းရဲ့ဂိုးသမား ဒေးဗစ်ရာဖာနဲ့ အစားထိုးသွားဖို့ ဟန်ပြင်လျက်ရှိနေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းရဲ့ ယူကရိန်းနောက်ခံအစွန်လူ ဇင်ချန်ကိုရဲ့အေးဂျင့်ဖြစ်သူက မန်စီးတီးအသင်းအနေနဲ့ နာပိုလီအသင်းရဲ့ ခံစစ်ကစားသမား ကူလီဘလီကို ခေါ်ယူရမှာ သူရဲ့ကစားသမားကို ပြောင်းရွှေ့ကြေးရဲ့တစိတ်တပိုင်းအဖြစ် အသုံးပြုသွားဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။