MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၁၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘယ်နောက်ခံကစားသမားလုခ်ရှောဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ အသင်းနဲ့ လေ့ကျင့်ခန်းပါ ပြန်လည်ဆင်းနေပြီဖြစ်တဲ့အပြင် ကိုယ်ရည်ပါစစ်သွားခဲ့တဲ့အထိ ကြံခိုင်မှုပြည့်ဝတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် ဒီနေ့မှာကစားသွားမယ့် ဗီလာအသင်းနဲ့ ကစားသွားရမယ့် ရာသီကြိုခြေစမ်းပွဲအတွင်း ပါဝင်လာနိုင်ဖွယ် ရှိနေတယ်လို့ ဆိုးလ်ရှားက ပြောဆိုလာခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ညာနောက်ခံကစားသမား ခါဟာရဲ့နောက် ဒုတိယဦးစားပေးအဖြစ် ညာနောက်ခံလူတစ်ယောက်ကို ထပ်မံထားရှိသွားချင်နေတာကြောင့် ရိုးမားအသင်းရဲ့ အီတလီညာနောက်ခံကစားသမား ဖလော်ရန်ဇီကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီလို့ သိရှိရပါတယ်။

စပါးအသင်းနည်းပြ မော်ရင်ဟိုက အသင်းရဲ့ဘယ်နောက်ခံကစားသမား ဒန်နီရိုစ့်အနေနဲ့ အသင်းမှာပဲ ဆက်လက်ရှိနေမယ်ဆိုရင် ဘင်ဒေးဗီစ် ရိုင်ယန်ဆက်ဆီနွန်တို့ရဲ့နောက်မှသာ ပွဲထွက်ခွင့်ရနိုင်မှာဖြစ်တဲ့အတွက် အသင်းကနေ ထွက်ခွာဖို့ ရွေးချယ်လိုက်တာက ပိုပြီးအကျိုးရှိလိမ့်မယ်လို့ အကြံပြုလိုက်ပါတယ်။ လက်ရှိအချိန်မှာ ရိုစ့်ကို စီးရီးအေကလပ် ဂျီနိုအာအသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့နေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အိုလီဗာဂျရှုးက ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် သူ့ဘက်ကနေ သဘောတူညီလိုက်တယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့ခြင်းအပေါ် အတော်လေး အံ့အားသင့်ခဲ့ရတယ်ဆိုပေမယ့် ချယ်လ်ဆီးအသင်းမှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ဆက်လက်ရှိနေသွားမယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းရဲ့ စပိန်ညာနောက်ခံကစားသမား ဟတ်တာဘယ်လာရင်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပေမယ့်လည်း အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကြောင့် အပြီးသတ်ခေါ်ယူဖို့ထက် တစ်ရာသီအငှားစာချုပ်နဲ့သာ အရင်ဆုံးကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။

လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေသည့်တိုင် ဘောလုံးသမားဘဝကနေ အနားယူသွားခြင်းမရှိသေးတဲ့ မန်စီးတီးကွင်းလယ်ကစားသမားဟောင်းကြီး ယာယာတိုရေးက သူလုံးဝကို မကစားဖူးသေးတဲ့ အီတလီစီးရီးအေပြိုင်ပွဲမှာ ပါဝင်ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး စီးရီးအေကလပ်အသင်းတစ်သင်းနဲ့ ပူးပေါင်းဖွယ်ရှိနေပါတယ်။