MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  အောက်တိုဘာလ ၃၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

နာမည်ကျော် အီတလီလူမျိုး ဘောလုံးနည်းပြကြီးတစ်ဦးဖြစ်တဲ့ ဖေဘီယိုကာပယ်လိုက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ အနိုင်ရခဲ့တဲ့ ဘာစီလိုနာက (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပေမယ့် တကယ်တမ်းမှာတော့ (၈)ဂိုးလောက်အထိတောင် သွင်းယူနိုင်ခဲ့သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။


မစ်ဂျေးလန်းအသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းပွဲကစားချိန်အတွင်းမှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား ဖာဘင်ဟိုဟာ လာမယ့်နိုဝင်ဘာလအတွင်း ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ကစားရမယ့် ဘရာဇီးလက်ရွေးစင်အသင်းရဲ့ လူစာရင်းထဲကနေ နုတ်ထွက်လိုက်ပြီလို့ သိရပါတယ်။

အင်တာမီလန်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား လူကာကူဟာ ရှက်တာဒိုးနက်အသင်းနဲ့ အင်တာမီလန်အသင်းတို့ ဂိုးမရှိသရေကျခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ ထိခိုက်ဒဏ်ရာရသွားခဲ့လို့ လာမယ့်တစ်ပတ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၃)ကို လွဲချော်ရဖွယ် ရှိနေပါတယ်။

ညာဘက်ဒူးဒဏ်ရာကြောင့် ရက်ပေါင်းများစွာ အနားယူနေရပြီး ခွဲစိတ်ကုသမှုပါ ခံယူထားခဲ့ရတဲ့ ဘာစီလိုနာအသင်းရဲ့ ဂျာမန်လက်ရွေးစင်ဂိုးသမား မက်အန်ဒရေတာစတီဂန်ဟာ လက်ရှိမှာတော့ သူရဲ့ဘာစီလိုနာအသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး မကြာခင်မှာ အသင်းနဲ့ ပြန်လည်ပွဲထွက်ကစားဖွယ် ရှိနေပါတယ်။

အီတလီစီးရီးအေပြိုင်ပွဲရဲ့ ထိပ်သီးအသင်းကြီးတွေဖြစ်ပြီး မီလန်ဒါဘီပြိုင်ဘက်အသင်းတွေဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ အေစီမီလန်အသင်းတို့ဟာ နာပိုလီအသင်းရဲ့ ဆာဘီးယားနောက်ခံကစားသမား နီကိုလာမက်ဆီမိုဗစ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလို့နေပြီး ကစားသမားရဲ့စာချုပ်သစ်ကိစ္စ အဆင်မပြေခဲ့ရင် လာမယ့်ဆောင်းစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ကြဖွယ် ရှိနေပါတယ်။