MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  အောက်တိုဘာလ ၂၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စပါးအသင်းနဲ့ ဆွမ်ဆီးအသင်းတို့ရဲ့နယ်သာလန်ဂိုးသမားဟောင်းကြီး မစ်ချယ်ဗွန်းဟာ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ မစ်ချယ်ဗွန်းဟာ ၂၀၁၄ခုနှစ်ကမှ ဆွမ်ဆီးကနေ စပါးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ(၆)နှစ်အထိ ပါဝင်ခဲ့ကာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ အသင်းနဲ့လမ်းခွဲခဲ့ရင်းနဲ့ ကစားသမားဘဝကနေပါ အနားယူသွားခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ အသင်းရဲ့တိုက်စစ်မှာ ဝါရင့်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဗရာဟီမိုဗစ်နဲ့ တွဲဖက်ကစားဖို့အတွက် မြို့ခံဒါဘီပြိုင်ဘက် အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အီကာဒီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ အီကာဒီဟာ လက်ရှိ ပီအက်စ်ဂျီအသင်းမှာ နေရာပျောက်လျက် ရှိလို့နေပါတယ်။

စပါးအသင်းရဲ့ စပိန်ဘယ်နောက်ခံကစားသမား ဆာဂျီယိုရယ်ဂီလွန်က သူတို့အသင်းရဲ့နည်းပြဟိုဆေးမော်ရင်ဟိုကို သူတိို့တစ်မိသားစုလုံးက အားပေးကြတာဖြစ်ပြီး မော်ရင်ဟိုရဲ့အမာခံပရိသတ်တွေဖြစ်ကြကာ စပါးအသင်းမှာလည်း သူ့လို ကမ္ဘာ့အဆင့်နည်းပြတစ်ယောက်နဲ့ လာရောက်တွေ့ဆုံနေရတာက သူ့အတွက် ထူးခြားကောင်းမွန်လှတယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂျာမန်နောက်ခံကစားသမား မူစတာဖီဟာ အသင်းကနေ စာချုပ်သစ်ကမ်းလှမ်းလာမှုကို ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ လန်ဒန်အခြေစိုက် သတင်းမီဒီယာတစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။ မူစတာဖီဟာ အသင်းမှာ ပုံမှန်နေရာပျောက်နေသူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနဲ့ သက်တမ်းကုန်မှာဖြစ်ကာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖို့ စီစဉ်လို့နေပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေရတဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဝီရှိင်းယားက သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း စကော့တလန် ထိပ်သီးကလပ် ရိန်းဂျားစ်အသင်းထက် ပြည်ပကလပ်တွေကို ပြောင်းရွှေ့လိုနေပြီး မေဂျာလိဂ် ကလပ်အသင်းတစ်သင်းသင်းဆီ ပြောင်းရွှေ့ကစားဖွယ် ရှိနေပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီလအတွင်းမှာ ဒူးဒဏ်ရာကြောင့် အနားယူရတော့မယ့် အဓိကနောက်ခံကစားသမား ဗာဂျယ်ဗန်ဒိုက်ရဲ့နေရာအတွက် ရှော်ကေးနောက်ခံလူ အိုဇန်ကာဘတ်ကို ခေါ်ယူသွားလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အသင်းဘက်က ဆောင်းစျေးကွက်မှာ နောက်ခံလူအသစ်တွေ ခေါ်ယူမှာမဟုတ်ဘူးလို့ Liverpool Echo ကနေ ဖော်ပြလာခဲ့ပါတယ်။