MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  အောက်တိုဘာလ ၁၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့နည်းပြ ရော်နယ်ကိုးမန်းကတော့ သူတို့အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီလ ဆောင်းရာသီစျေးကွက်အတွင်းမှာ လိုင်ယွန်အသင်းရဲ့ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို အရခေါ်ယူသွားမှာဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား အစ္စကိုအနေနဲ့ သူရဲ့အသင်းဖော်ဟောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ အပြောင်းအလဲကို နမူနာယူသင့်ပြီး လိုအပ်မယ်ဆိုရင် အသင်းကနေ ထွက်ခွာသွားသင့်တယ်လို့ ဘရာဇီးလ်ဂန္တဝင်ကစားသမားဟောင်းကြီး ရီဗယ်ဒိုက အကြံပြုတိုက်တွန်းပြောဆိုလိုက်ပါတယ်။

တစ်ဖက်ကို (၃)ဂိုးစီနဲ့ သရေကျခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာ (၂)ဂိုးသွင်းပြီး (၁)ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ စပါးတိုက်စစ်မှူးဟယ်ရီကိန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၅)ပွဲကစားထားပြီးနောက် (၅)ဂိုးသွင်းယူကာ (၇)ဂိုးအထိ ဖန်တီးထားနိုင်ခဲ့လို့ သူပါဝင်ပတ်သက်ခဲ့တဲ့ သွင်းဂိုးက (၅)ပွဲအတွင်းမှာ (၁၂)ဂိုးအထိရှိခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လုံးဝမရှိခဲ့ဖူးသေးတဲ့ စံချိန်သစ်တစ်ခုလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားသစ် အက်ဒီဆင်ကာဗာနီဟာ မနေ့ကပဲ အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေကို ပထမဆုံးအကြိမ်အဖြစ် စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အသက်(၃၃)နှစ်အရွှယ်ရှိ တိုက်စစ်မှူးကြီးဟာ ဒီတစ်ပတ်ကြားရက်မှာ သူရဲ့အသင်းဟောင်းပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် စတင်ပွဲဦးထွက်ကစားဖွယ်လည်း ရှိနေပါတယ်။

မနေ့ညက ကစားသွားခဲ့တဲ့ လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကစားသမားသစ် ရိုစ့်ဘာကလေရဲ့နောက်ကျသွင်းဂိုးနဲ့ နိုင်ပွဲရခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ ဒီရာသီမှာ (၄)ပွဲကစားပြီး (၄)ပွဲလုံးအနိုင်ရထားခဲ့ကာ ပရီးမီးယားလိဂ် ရာနှုန်းပြည့်နိုင်ပွဲရတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေသလို အဲဗာတန်အသင်းနဲ့အတူ ရှံးပွဲမရှိသေးတဲ့အသင်းအဖြစ် ပူးတွဲရပ်တည်လျက်ရှိနေပါတယ်။