MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  အောက်တိုဘာလ ၁၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသက်(၂၂)နှစ်အရွှယ်ရှိ ချယ်လ်ဆီးအသင်းရဲ့ လူငယ်နောက်ခံကစားသမား တိုမော်ရီဟာ နွေစျေးကွက်ရဲ့အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်တုန်းက ဝက်စ်ဟမ်းယူနိုက်တက်အသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားဖို့အတွက် သဘောတူညီမှု ရယူခဲ့ပြီးမှ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့ပယ်ချခဲ့ပြီး ချယ်လ်ဆီးမှာ ဆက်နေဖို့ ဆုံးဖြတ်ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။

လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းဟာ EFL ရဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာ စပါးအသင်းရဲ့အင်္ဂလန်ဘယ်နောက်ခံကစားသမား ဒန်နီရိုစ့်နဲ့ ချယ်လ်ဆီးအသင်းရဲ့ဂါနာဘယ်နောက်ခံကစားသမား ဘာဘာရာမန်တို့ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူသွားဖွယ်ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းမှာ နေရာရဖို့ မလွယ်ကူတော့တဲ့ ဘော့စနီးယားနောက်ခံအစွန်လူ ကိုလာစီနက်ရှ်ကို လာမယ့်ဆောင်းရာသီစျေးကွက်အတွင်း အသင်းကနေ ရောင်းထုတ်သွားဖို့အတွက် အီတလီစီးရီးအေကလပ် ရိုးမားအသင်းဆီကို ကမ်းလှမ်းထားခဲ့တယ်လို့ အီတလီသတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

၂၀၂ဝခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်အယောက်(၂၀)စာရင်းမှာ ဘတ်ကာ ကာမာဗင်ဂါ ဂျိုနသန်ဒေးဗစ် ဆာဂျီနိုဒက်စ် အန်ဆူဖာတီ ဖိုဒန် ဂရင်းဝုဒ် ဂရာဗန်ဘာ့ချ် ဟာလန်း အိုဒွိုင်း ကူလူဆက်စကီး ရိုဒရီဂို ဆာခါ ဆန်ချို ဆာဘော့ဇ်စကီး တိုနယ်လီ ဖယ်ရန်တောရက်စ်နဲ့ ဗင်နီဆီယပ်စ်တို့ ပါဝင်လာခဲ့ပါတယ်။

ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရလို့ အသင်းအတွက် တစ်လနီးပါးလောက် ပွဲထွက်ကစားခဲ့ရခြင်းမရှိတဲ့ အေစီမီလန်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ဟာ ဒီတစ်ပတ်မှာ ကျင်းပသွားမယ့် မီလန်ဒါဘီပွဲစဉ်အတွင်း မီလန်အသင်းဘက်ကနေ ပါဝင်ကစားတော့မှာဖြစ်ပြီး တစ်လလောက် ပွဲကစားခွင့် မရှိပေမယ့် မိုဗစ်က ဒီပွဲမှာ ဆေးလိပ်ခဲပြီးတောင် အေးဆေးကစားနိုင်တယ်လို့ အင်တာတိုက်စစ်မှူးဟောင်း ခရစ္စတီယန်ဗီလာရီက ပြောဆိုလာခဲ့ပါတယ်။