MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  အောက်တိုဘာလ ၁၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လာမယ့် ၂၀၂၁ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဝါရင့်အသင်းခေါင်းဆောင် နောက်ခံကစားသမားကြီး ဆာဂျီယို့ရာမို့စ်ကို ဂျုဗင်တပ်စ်အသင်းဘက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေပေမယ့်လည်း ရီးရဲလ်ကတော့ သူတို့ရဲ့ အဓိကနောက်ခံလူကို အလွတ်နဲ့ မဆုံးရှံးသွားချင်တာကြောင့် သက်တမ်းတိုးဖို့ ပြင်ဆင်နေသလို ရာမို့စ်ကိုယ်တိုင်ကပါ ရီးရဲလ်မှာပဲ ဆက်လက်ကစားချင်နေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ အသက်(၁၈)နှစ်အရွှယ် နယ်သာလန် ဆယ်ကျော်သက်ဘယ်နောက်ခံကစားသမား အီယန်မာဆန်ဟာ လိဂ်ချန်ပီယံရှစ်ကလပ် ချာတန်အသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ မာဆန်ဟာ ချာတန်အသင်းမှာတော့ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခွင့်ရနိုင်ဖွယ် ရှိနေပါတယ်။

နွေစျေးကွက် နောက်ဆုံးနေ့ရက်မှာ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းဆီကို ယူရိုသန်း(၅၀)နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဂါနာကွင်းလယ်လူ သောမတ်စ်ပါတေးက လာမယ့် Weekend မှာ ယှဉ်ပြိုင်ကစားရမယ့် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အာဆင်နယ်ဘက်ကနေ ပါဝင်ကစားဖို့ အသင့်ဖြစ်နေပြီလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ အသင်းလက်မဲ့ဖြစ်လို့နေတဲ့ နာမည်ကျော်အီတလီ တိုက်စစ်ကစားသမား မာရီယိုဘလော့တယ်လီက သိပ်မကြာခင်မှာပဲ သူရဲ့ကလပ်အသင်းသစ်ကို ရွေးချယ်သွားတော့မယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဘရက်ရှားအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက်ပိုင်းကတည်းက အသင်းလက်မဲ့ဖြစ်နေတဲ့ ဘလော့တယ်လီကို စီးရီးအေကလပ် ဂျီနိုအာအသင်းကနေ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ အမေရိကန် လူငယ်ဆယ်ကျော်သက် ကစားသမားလေးဖြစ်တဲ့ ဂျီအိုရေနာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီး လာမယ့်နှစ်ရဲ့နွေစျေးကွက်မှာပဲ ဒေါ့မွန်ကြယ်ပွင့်တွေဖြစ်တဲ့ ဟာလန်းနဲ့ရေနာတို့ကို ပူးတွဲကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။