MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၂၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လက်စတာစီးတီးအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဂျေမီဗာဒီဟာ မနေ့ညက ကစားသွားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဥ်အတွင်း အသင်းအတွက် အရေးပါတဲ့ ချေပသွင်ဂိုးကို ​နောက်ဆုံးမိနစ်မှာ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးဟာလည်း ဗာဒီရဲ့ကစားသမားဘဝမှာ သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး(၁၅၀)မြောက် အမှတ်တရသွင်းဂိုးလည်း ဖြစ်ခဲ့ရပါတယ်။

ဂျုဗင်တပ်စ်အသင်းက ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ စပိန်တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတစ်ရပ်အနေနဲ့ အသင်းရဲ့တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားနဲ့ မိုရာတာကို တိုက်ရိုက်အပြီးသတ် လဲလှယ်တာမျိုး လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဂျာမန်လက်ရွေးစင်ဂိုးသမား မတ်အန်ဒရေတာစတီဂန်ဟာ ဒိုင်နမိုကိဗ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဥ်အတွင်း အသင်းအတွက် ပါဝင်ကစားပေးခဲ့ရင်း ပေးဂိုးမဲ့နိုင်ပွဲ ရယူပေးနိုင်ခဲ့တာကြောင့် သူရဲ့ဘာစီလိုနာကစားသမားဘဝအတွင်း Clean Sheets ပွဲအရေအတွက်ပေါင်း တစ်ရာပြည့်အထိ ရယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက အသင်းနဲ့ အပြောင်းအရွေ့သတင်းထွက်ခဲ့တဲ့ ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီကို လာမယ့်အပြောင်းအရွေ့စျေးကွက်တွေမှာ ထပ်မံကမ်းလှမ်းလာဖွယ် ရှိလာနိုင်သေးတယ်လို့ Sport ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းအနေနဲ့ကတော့ ဒမ်ဘီလီကို ရောင်းချသွားဖွယ် မရှိနိုင်ပါဘူး။

အဲဗာတန်အသင်းရဲ့ ပြင်သစ်ဘယ်နောက်ခံကစားသမား လူးကပ်စ်ဒစ်ဂ်နေးဟာ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေစဉ်အတွင်း ဆိုးရွှားလှတဲ့ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ရလို့ ခွဲစိတ်မှုခံယူသွားရတော့မှာဖြစ်ပြီး ကာလရှည်ကြာ အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။