MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၂၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်ခရိုအေးရှား ကွင်းလယ်ကစားသမားကြီး လူကာမိုဒရစ်က သူအနေနဲ့ ရီးရဲလ်အသင်းမှာပဲ ဆက်လက်ကစားသွားချင်နေကြောင်း သူရဲ့ကစားသမားဘဝကိုလည်း ရီးရဲလ်အသင်းမှာပဲ ကုန်ဆုံးသွားလိုကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မိုဒရစ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတော့မှာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီကမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ ဝါရင့်ဘရာဇီး နောက်ခံကစားသမားကြီး သီယာဂိုဆေးဗားရဲ့ စွမ်းဆောင်ရည်တွေကို အလွန်သဘောကျနေတဲ့အတွက် အသင်းနဲ့ စာချုပ်သက်တမ်း ထပ်မံတိုးမြှင်ဖို့အထိပါ ဆောင်ရွှက်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီနောက်ခံလူဟောင်းဟာ ချယ်လ်ဆီးအသင်းနဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုထားတာလည်းဖြစ်ပါတယ်။

ဒေါ့မွန်အသင်းရဲ့ နော်ဝေလက်ရွေးစင် လူငယ်တိုက်စစ်ကစားသမားလေး အာလင်းဟာလန်းဟာ မနေ့ညက ကလပ်ဘရုဂျက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့လို့ သူပါဝင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် (၁၂)ပွဲအတွင်း (၁၆)ဂိုးထိ သွင်းယူနိုင်ခဲ့ကာ ဒါဟာ ချန်ပီယံလိဂ်ပြိုင် သမိုင်းတလျှောက်မှာတော့ (၁၅)ဂိုးကို အလျင်အမြန်ရရှိတဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။

နာမည်ကျော်ဘောလုံးသမားကြီးတွေဖြစ်တဲ့ အေစီမီလန်တိုက်စစ်မှူး ဇလာတန်အီဗရာဟီမိုဗစ်နဲ့ စပါးအသင်းရဲ့တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်တို့နှစ်ယောက်ဟာ FIFA ဘောလုံးဂိမ်းအတွင်းမှာ သူတို့ရဲ့ပုံရိပ်တွေကို ခွင့်ပြုချက်မရှိပဲ အသုံးပြုထားခြင်းနဲ့ပတ်သက်ပြီး EA Sports ဂိမ်းကုမ္မဏီကို တရားစွဲသွားဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

မနေ့ည ကျင်းပသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၄) ပထမညပွဲစဉ်တွေအပြီးမှာ နောက်တစ်ဆင့်ဖြစ်တဲ့ (၁၆)သင်းရှံးထွက်အဆင့်ကို တတ်လှမ်းသွားနိုင်ခဲ့တဲ့ အသင်း(၄)သင်းထွက်ပေါ်လာခဲ့ပြီး ဒီအသင်းတွေကတော့ ဘာစီလိုနာ ဂျုဗင်တပ်စ် ချယ်လ်ဆီးနဲ့ ဆီဗီလာအသင်းတွေဖြစ်ကာ ဒီ(၄)သင်းကတော့ အုပ်စုဗိုလ်နေရာအတွက်ကိုပဲ ဆက်လက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။