MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၂၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ဝက်ဘရွန်းအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ပင်နယ်တီကန်သွင်းမှုတစ်ကြိမ်ကိုတော့ ဂိုးဝင်အောင်မကန်နိုင်ခဲ့လို့ အပြည့်အဝ မပျော်ရွှင်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီကတော့ သူရဲ့အသက်လက်တီကိုနည်းပြဘဝအတွင်း ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ပွဲတိုင်းလိုလိုမှာ တစ်ပွဲမှကို အနိုင်မရထားခဲ့တဲ့ စံချိန်မှတ်တမ်းဆိုးကို မနေ့ညကပွဲစဉ်မှာပဲ ရပ်တန့်ခဲ့လိုက်နိုင်ပြီး အသင်းကိုလည်း အမှတ်ပေးဇယားရဲ့ ဒုတိယနေရာအထိ ပို့ဆောင်ထားနိုင်ခဲ့ပါတယ်။

စပါးအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ မနေ့ညက စပါးနဲ့မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်အတွင်း လိုဆယ်ဆိုရဲ့သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့တာကြောင့် သူရဲ့ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဂိုးဖန်တီးမှုအရေအတွက်က (၉)ကြိမ်ထိကို ရှိလာခဲ့ရပြီး ဒီနှစ်ရာသီ ဥရောပထိပ်သီး အမှတ်ပေးလိဂ်(၅)ခုလုံးမှာလည်း အများဆုံးအရေအတွက် ဖြစ်လို့နေရပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဝါရင့်စပိန်နောက်ခံကစားသမားကြီး ဂျရတ်ပီကေးဟာ အသက်လက်တီကိုအသင်းနဲ့ ကစားခဲ့ရတဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ ညာဘက်ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး ဒဏ်ရာအခြေအနေကလည်း ပြင်းထန်ဖွယ်ရှိနေတာကြောင့် အသင်းဘက်ကနေ စိုးရိမ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ပီကေးရဲ့ဒဏ်ရာသာ အခြေအနေဆိုးခဲ့မယ်ဆိုရင်တော့ လာမယ့်ဆောင်းစျေးကွက်မှာ ခံစစ်မှူးသစ်တစ်ယောက် မဖြစ်မနေ ခေါ်ယူရပါလိမ့်မယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင်နောက်ခံကစားသမား နစ်ကလပ်စ်ဇူလာက တစ်နေ့နေ့တစ်ချိန်ချိန် မန်ချက်စတာယူနိုက်တက်အသင်းမှာ လာရောက်ကစားဖို့အတွက် စိတ်ကူးယဉ်အိမ်မက်မက်ထားသူဖြစ်တယ်လို့ ဂျာမန်သတင်းစာ Blid ရဲ့ သတင်းထောက်တစ်ဦးကနေ ရေးသားဖော်ပြလာခဲ့ပါတယ်။