MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၁၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။
ကာတာနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၂၁ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံမှန်အတိုင်း ဒီဇင်ဘာလထဲမှာ မကျင်းပတော့ပဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ပြောင်းလဲကျင်းပမယ်လို့ သိရှိရပါတယ်။
လက်စတာစီးတီးအသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ အသက်(၁၈)နှစ်အရွှယ်ရှိ ပေါ်တူဂီ ယူ-၂၁လက်ရွေးစင် ဘယ်နောက်ခံကစားသမားလေး နူနိုမန်ဒက်စ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။ မန်ဒက်စ်ရဲ့ စာချုပ်လျော်ကြေးတန်ဖိုးက ပေါင်သန်း(၄၀)အထိ ရှိနေပေမယ့် လစ္စဘွန်းအသင်းဘက်က ဘဏ္ဍာရေးပြသာနာတွေ ရှိနေတာကြောင့် ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ပင် ရောင်းချဖွယ် ရှိနေပါတယ်။

လီဗာပူးလ်အသင်းရဲ့ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား မိုဟာမက်ဆာလာအနေနဲ့ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်နေခြင်းဟာ သူ့ကိုယ်တိုင်မှာသာ အပြစ်ရှိပေမယ့် အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကနေ ဆာလာကို အပြစ်တင်ဖို့ လစ်လျူရှထားခဲ့တယ်လို့ အီဂျစ်တိုက်စစ်မှူးဟောင်းမီဒိုက ဝေဖန်ခဲ့ပါတယ်။ ဆာလာဟာ လတ်တလောမှာ ကိုဗစ်ကူးထားလို့ အီဂျစ်ရဲ့ပွဲတွေအပြင် လက်စတာနဲ့ကစားရမယ့် ပရီးမီးယားလိဂ်တွေကိုပါ လွဲချော်ရတော့မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့ ဆွတ်ဇာလန်ကွင်းလယ်ကစားသမား ချာကာကို အင်တာမီလန်အသင်းမှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးလို့နေတဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်နဲ့ လဲလှယ်သွားဖို့အတွက် ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ လစ်လပ်နေတဲ့ ဥက္ကဌနေရာအတွက် ဝင်ရောက်အရွေးခံမယ့် ဥက္ကဌလောင်းတစ်ဦးဖြစ်တဲ့ ဗစ်တာဖောင့်က ဘာစီလိုနာအနေနဲ့ အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကို အသင်းမှာပဲ ဆက်ထိန်းသိမ်းနိုင်ဖို့ မဖြစ်မနေ လိုအပ်နေပြီး မက်ဆီက ကစားသမားဘဝကနေ အနားယူသွားရင်တောင် ဘာစီလိုနာအတွက် အရေးပါတဲ့သူအဖြစ် ရှိနေဦးမယ့်သူလို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

မနေ့ညက ကျင်းပခဲ့တဲ့ စပိန်လက်ရွေးစင်အသင်းနဲ့ ဂျာမနီလက်ရွေးစင်အသင်းတို့ရဲ့ UEFA Nations League အုပ်စုနောက်ဆုံးပွဲစဉ်မှာ စပိန်အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားသွားခဲ့တဲ့ နောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ ပထမပိုင်း ပွဲချိန်အတွင်းမှာ ဒဏ်ရာရသွားခဲ့လို့ အဲရစ်ဂါဆီယာနဲ့ လူစားလဲခဲ့ရပြီး ဗီလာရီးရဲလ် အင်တာမီလန်အသင်းတွေနဲ့ ကစားရမယ့် ရီးရဲလ်ရဲ့ ပွဲကျပ်ပွဲစဉ်တွေကို လွဲချော်ရဖွယ်ရှိနေပါတယ်။