MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၁၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ရီဗယ်ဒိုက သူရဲ့အသင်းဟောင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီအတွင်း ဥရောပချန်ပီယံလိဂ်ဖလားကို အရယူဖို့အတွက် ဆုံးဖြတ်ချက်ချထားမှသာ လာမယ့်ဆောင်းရာသီစျေးကွက် ဖွင့်လှစ်ချိန်မှာ ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်လိမ့်မယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

မနေ့ညက ကျင်းပသွားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ အိုင်ယာလန်လက်ရွေးစင်အသင်းတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင်အင်္ဂလန်အသင်းက မက်ဂွိုင်းယား ဆန်ချို ကဲဗတ်လီဝင်တို့ရဲ့ သွင်းဂိုးတွေနဲ့ (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဝေးလ်စ်နဲ့ အမေရိကန်ပွဲကတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။

လက်ရှိ အစ္စတန်ဘူလ်ဘာရှက်ဆီဟီအသင်းမှာ ပါဝင်ကစားနေတဲ့ လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားဟောင်း မာတင်စကာတဲလ်က သူရဲ့အသင်းဟောင်းအနေနဲ့ ခံစစ်ပိုင်းရဲ့ ဒဏ်ရာပြသာနာတွေကို အဖြေရှာနိုင်ဖို့အတွက် အင်တာမီလန်အသင်းရဲ့ နောက်ခံလူ မီလန်ရှကရီညာကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကတော့ လက်ရှိအချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းဖို့ အဆင်မပြေဖြစ်နေရတဲ့ သြစတြီးယား နောက်ခံကစားသမား ဒေးဗစ်အလာဘာကို လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ အသင်းကနေ လုံးဝကို ရောင်းထုတ်သွားမှာမဟုတ်ပဲ သက်တမ်းတိုးသွားနိုင်အောင်ပဲ ထပ်မံကြိုးပမ်းသွားမယ်လို့ သိရှိရပါတယ်။

အက်စတွန်ဗီလာအသင်းကနေ ခေါ်ယူသွားဖို့ ပစ်မှတ်ထားခြင်းကို ခံလာခဲ့ရတဲ့ အသင်းရဲ့ အဓိက ကစားသမား ဖလော်ရန်သော်ဗင်ရဲ့ ပြောင်းရွှေ့ကြေးကို မာဆေးလ်အသင်းဘက်ကနေ ပေါင်(၂၈)သန်းအဖြစ် သတ်မှတ်လိုက်တယ်လို့ ဘာမင်ဂမ်လိုက်ခ်ကနေ ထုတ်ပြန်လိုက်ပါတယ်။ ဒီပြင်သစ်ကစားသမားကို ဗီလာနဲ့အပြိုင် လက်စတာအသင်းကလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့နေပါတယ်။

ယူရို-၂၀၂၀ ခြေစစ်ပွဲကို အောင်မြင်သွားခဲ့ရတဲ့ ဟန်ဂေရီအသင်းဟာ ခြေစစ်ပွဲကို အောင်မြင်ခဲ့ပေမယ့်လည်း ယူရိုပြိုင်ပွဲမှာတော့ ပေါ်တူဂီ ပြင်သစ် ဂျာမနီတို့လို ဥရောပရဲ့အင်အားကြီးအသင်းတွေ ပါဝင်နေတဲ့ မရဏအုပ်စုထဲကို ကျရောက်နေခဲ့ရပါတယ်။