MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်စီးတီးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဆာဂျီယိုအဂွဲရိုးအနေနဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်း မန်စီးတီးကနေ ထွက်ခွာတဲ့အခါ တခြားပြင်ပလိဂ် ကလပ်အသင်းတွေထက် ပရီးမီးယားလိဂ် ထိပ်တန်းကလပ် ချယ်လ်ဆီးအသင်းဆီကိုပဲ ပြောင်းရွှေ့ကစားသင့်တယ်လို့ အီယန်ရိုက်က မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

ပရိသတ်တွေရဲ့ ဆန္ဒပြုမှုတွေကြောင့် ပွဲရွှေ့ဆိုင်းလိုက်ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လာမယ့် မေ(၁၃)ရက်နေ့ ကြာသပတေးနေ့ ဗြိတိန်စံတော်ချိန် ည(၈)နာရီ(၁၅)မိနစ် မြန်မာစံတော်ချိန် မနက်အစောပိုင်း (၁)နာရီ(၄၅)မိနစ်မှာ ပြန်လည်ကျင်းပသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သမိုင်းကြောင်းတလျှောက် မတူညီတဲ့ ကလပ်အသင်း(၂)သင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တတ်လှမ်းခွင့်ရလာခဲ့တဲ့ ပထမဆုံးသောနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ တူဟယ်လ်ဟာ မနှစ်ကလည်း ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဝါရင့်ဘရာဇီး နောက်ခံကစားသမား ဒေးဗစ်လုဇ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လည်း လမ်းခွဲတော့မှာဖြစ်တာကြောင့် လက်ရှိမှာ ကစားသမားရဲ့အေးဂျင့်ဖြစ်သူက အမေရိကန် မေဂျာလိဂ်ဘောလုံးအသင်းတချို့နဲ့ ဆွေးနွေးနေလျက် ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိကို (၃)ကြိမ်အထိ တတ်လှမ်းထားခဲ့ရပြီး တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီ(၃)ကြိမ်လုံးဟာ ဘောလုံးရာသီတစ်ခုအတွင်း နည်းပြအပြောင်းအလဲ ဖြစ်ခဲ့ရတဲ့ ရာသီ(၃)ခုမှာ ဖြစ်လာခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ဘောလုံးရာသီတစ်ခုမှာပဲ ချန်ပီယံလိဂ်ပြိုင်ပွဲကို အမျိုးသားအသင်းရော အမျိုးသမီးအသင်း အတူတတ်ရောက်နိုင်တဲ့ ပထမဆုံးသော ကလပ်အသင်းပါ ဖြစ်လာခဲ့ရပါတယ်။