MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေလ ၃၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဂျုဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အသက်လက်တီကိုမက်ဒရစ်အသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူထားခဲ့တဲ့ စပိန်တိုက်စစ်မှူး အဲဗာရိုမိုရာတာကို နောက်ထပ်တစ်ရာသီခန့် အသင်းမှာ ဆက်လက်ထားရှိထားဖို့ အစီအစဉ်ရှိနေသလို နည်းပြသစ်အယ်လီဂရီကလည်း မိုရာတာကို အလိုရှိနေတဲ့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ်ရှိနေပါတယ်။

ဘန်လေအသင်းဟာ လီဗာပူးလ်အသင်းကနေ ရောင်းထုတ်သွားတော့မယ့် နောက်ခံကစားသမား နာသန်နီရယ်ဖီးလစ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ နတ်ဖီးလစ်ဟာ လီဗာပူးလ်အသင်းမှာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ စတင်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းတွေလည်း ပြသထားတာကြောင့် သူ့ကို ပရီးမီးယားလိဂ်ကလပ်များစွာကနေ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

မနေ့ညက ဆွတ်ဇာလန်လက်ရွေးစင်အသင်းနဲ့ အမေရိကန်လက်ရွေးစင်အသင်းတို့ နိုင်ငံတကာချစ်ကြည်ရေး ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ ဆွတ်ဇာလန်အသင်းက (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဆွတ်ဇာလန်အသင်းဘက်မှာ ချာကာ ရှာကွီရီ အမ်ဘိုလို ဖာဘီယန်ရှား ဆီဖာရိုဗစ်တို့ ပါဝင်ခဲ့သလို အမေရိကန်ဘက်မှာလည်း ရေနာ မက်ကန်နီနဲ့ ဆာဂျီနိုဒက်စ်တို့ ပါဝင်ကစားသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ Team of the Season ကို ထုတ်ပြန်လာခဲ့ရာ ချန်ပီယံ ချယ်လ်ဆီးအသင်းမှ ဂိုးသမားမန်ဒီ နောက်ခံလူတွေဖြစ်တဲ့ အက်စ်ပီလီကွယ်တာနဲ့ ရူဒီဂါ ကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့ ပါဝင်လာခဲ့ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်လိုက်ရတဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကလည်း နောက်ခံလူ ရူဘင်ဒီယက်စ် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဖိုဒန်နဲ့ ဂန်ဒိုဂန်တို့ ပါဝင်လာခဲ့ပါတယ်။

ဒီနေ့ မေ(၃၁)ရက်နေ့မှာ ယူရို ယူ-၂၁ ကွာတားဖိုင်နယ်ပွဲတွေကို ကျင်းပစေမှာဖြစ်ပြီး နယ်သာလန်နဲ့ပြင်သစ်ပွဲ စပိန်နဲ့ခရိုအေးရှားပွဲတွေကို ည(၁၀)နာရီခွဲမှာ ယှဉ်ပြိုင်မှာဖြစ်သလို ပေါ်တူဂီနဲ့အီတလီပွဲ ဒိန်းမတ်နဲ့ဂျာမနီပွဲတွေကို ည(၁)နာရီခွဲအချိန်မှာ ဆက်လက်ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ည(၁၁)နာရီ(၁၅)မိနစ်မှာ ဂျော်ဒန်နဲ့ဗီယက်နမ် (၁၁)ခွဲအချိန်မှာ တူရကီနဲ့ ဂီနီအာတို့ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။