MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေလ ၃၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ နောက်ဆုံးတန်းတတ် တန်းဆင်းနေရာအတွက် ဟော်စတိုင်ကီလ်အသင်းနဲ့ ကိုလုံးအသင်းတို့ ပလေးအော့ ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ ပထမအကျော့တုန်းက အိမ်ကွင်းမှာ ကပ်အရေးနိမ့်ခဲ့ရတဲ့ ကိုလုံးအသင်းဟာ ဒုတိယအကျော့မှာတော့ (၁)ဂိုး(၅)ဂိုးနဲ့ကို အပြတ်အသတ် အနိုင်ယူခဲ့တာကြောင့် လာမယ့်ရာသီမှာလည်း ဘွန်ဒစ်လီဂါမှာသာ ဆက်လက်ကစားရတော့မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီကို တကျော့ပြန် တန်းပြန်တတ်လာခဲ့ရတဲ့ ဝက်ဖိုဒ့်အသင်းဟာ အသင်းကို အင်အားဖြည့်တင်းတဲ့အနေနဲ့ အာဆင်နယ်အသင်းမှာ ပုံမှန်နေရာတစ်နေရာကို ရရှိဖို့အတွက် ရုန်းကန်နေရတဲ့ အင်္ဂလန်လူငယ် တိုက်စစ်မှူးလေး အက်ဒီအန်ခီတာယက်ခ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ပေါင်(၁၅)သန်းဝန်းကျင်နဲ့ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းဟာ အေဂျက်စ် ဒေါ့မွန် လေဗာကူဆင်အသင်းတို့ရဲ့ နယ်သာလန်လူမျိုး နည်းပြဟောင်း ပီတာဘော့ဇ်ကို အသင်းရဲ့နည်းပြအဖြစ် တရားဝင်ခန့်အပ်သွားခဲ့ပါတယ်။ နယ်သာလန်နဲ့ ဂျာမနီမြေတို့မှာသာ အများဆုံး ကျင်လည်ခဲ့ဖူးတဲ့ ပီတာဘော့ဇ်ကို လိုင်ယွန်ဘက်ကနေ (၂)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်ဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲစဉ်မှာ ပထမဆုံးအကြိမ် ဝင်ရောက်ကစားခွင့် ရရှိခဲ့တဲ့ အမေရိကန်ဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့တဲ့အပြင် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အမေရိကန်ဘောလုံးသမားတစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီဟာ ၂၀၁၅ခုနှစ်ကမှ လက်စတာအသင်းကို ရောက်ရှိလာခဲ့ပြီး တစ်နှစ်အကြာမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာခဲ့ရာကာ အဲ့ဒီကတစ်ဆင့် ချယ်လ်ဆီးကို ရောက်ရှိလာခဲ့ကာ ပရီးမီးယားလိဂ်ချန်ပီယံ ယူရိုပါလိဂ်ချန်ပီယံနဲ့ ချန်ပီယံလိဂ်ချန်ပီယံတွေပါ ဖြစ်လာခဲ့ရသလို ပြင်သစ်အသင်းနဲ့ပါ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်လာခဲ့တဲ့အထိ အောင်မြင်နိုင်ခဲ့ပါတယ်။ေ