MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၂၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်အတွင်းကမှ အေစီမီလန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ခရိုအေးရှား ဝါရင့်တိုက်စစ်မှူးကြီး မာရီယိုမန်ဇူကစ်ဇ်ဟာ အသင်းအတွက် စီးရီးအေ(၁၀)ပွဲ ပါဝင်ကစားခဲ့ပြီးနောက် သွင်းဂိုးရယူနိုင်ခြင်းမရှိသလို အသင်းမှာလည်း အံ့ဝင်နိုင်ခြင်းမရှိတာကြောင့် မကြာခင်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ်လို့ သိရှိရပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ ရော်ဘီဖောင်လာက သူရဲ့လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နွေမှာ စပါးအသင်းကနေ ထွက်ခွာတော့မယ့် အင်္ဂလန်တိုက်စစ်ကစားသမား ဟာရီကိန်းကို စိတ်ဝင်စားနေပေမယ့် တကယ်ခေါ်ယူနိုင်ဖို့ကတော့ လွယ်ကူမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ဥရောပထိပ်သီး ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် တောင်ပံတိုက်စစ်ကစားသမားလေး ဂျေဒန်ဆန်ချိုကို လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာချင်တယ်ဆိုရင် ထွက်ခွာခွင့်ပြုထားတယ်လို့ ဂျာမန်အခြေစိုက် Blid သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီကို တကျော့ပြန် တန်းတတ်လာခဲ့တဲ့ နောဝစ်ချ်စီးတီးအသင်းဟာ အသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့ ကန့်ဝဲလ်ကို လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ဒီကွင်းလယ်ကစားသမားလေးကို ပရီးမီးယားလိဂ်အသင်းများစွာက စိတ်ဝင်စားလို့နေပြီး ဗီလာအသင်းက ဂရီးလစ်ရှ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အဓိကပစ်မှတ်ထားနေပါတယ်။

လီဗာပူးလ်အသင်းဟာ သူတို့အသင်းနဲ့ တောက်လျှောက်ကို အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ လိုက်ပ်ဇစ်နောက်ခံကစားသမားလေး ကွန်နတေးကို ခေါ်ယူနိုင်ဖို့အတွက် အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ပြီလို့ သိရှိရပါတယ်။ အပြောင်းအရွှေ့ကို မကြာခင်မှာပဲ ထုတ်ပြန်သွားတော့မှာဖြစ်ပြီး ကွန်နတေးဟာ လီဗာပူးလ်အသင်းနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုမယ်လို့လည်း သိရပါတယ်။