MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၁၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ကမ္ဘာ့ဘောလုံးအတွင်း ဘောလုံးရာသီတစ်ခုမှာ လိဂ်ပွဲပေါင်းများစွာ လုံးဝရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့ ကလပ်အသင်း(၃)သင်း ရှိနေပြီး ဒီအသင်းတွေက အာဆင်နယ်(၂၀၀၃-၂၀၀၄) ဂျုဗင်တပ်စ်(၂၀၁၁-၂၀၁၂)နဲ့ ဆဲလ်တစ်(၂၀၁၆-၂၀၁၇)တို့ဖြစ်ပြီး အခု (၄)သင်းမြောက်အသင်းအဖြစ် ရိန်းဂျားစ်အသင်းပါ ထွက်ပေါ်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ အရန်ဂိုးသမားဖြစ်သူ အက်ဒရီယန်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပေမယ့်လည်း နောက်ထပ်အရန်ဂိုးသမားတစ်ဦးကို ခေါ်ယူသွားဖို့ ဆန္ဒရှိနေလို့နေပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေထွက်နေတဲ့ ဗီလာဂိုးသမား တွမ်ဟီတန်ကို စိတ်ဝင်စားနေလျက် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အဓိကနောက်ခံကစားသမား ရာဖယ်ဗာရန်းကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နဲ့ ကနဦးကမ်းလှမ်းမှုတစ်ခုကို လုပ်ဆောင်ခဲ့ပေမယ့် ရီးယဲလ်ဘက်က ပယ်ချခဲ့ပြီး သူတို့ကစားသမားအတွက် ပေါင်သန်း(၆၀)လောက်နဲ့ ကမ်းလှမ်းစေချင်နေပါတယ်။

လာမယ့်ဘောလုံးရာသီမှာ ရိုးမားနည်းပြသစ်အဖြစ် တာဝန်ယူဆောင်ရွှက်သွားတော့မယ့် နည်းပြဟိုဆေးမော်ရင်ဟိုက သူရဲ့အသင်းသစ်အတွက် နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား စိန့်မက်ဆီမန်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး မော်ရင်ဟိုရဲ့ ရိုးမားအသင်းဆီကို ပထမဆုံး ရောက်ရှိလာမယ့် ကစားသမား ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

အက်အေဖလားချန်ပီယံ လက်စတာစီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား ဗာဒီဟာ အဆင့်နိမ့် ကလပ်အသင်းလေးကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပေမယ့် ၂၀၁၁ခုနှစ်ကနေ (၁၀)နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်ဖလား အက်အေဖလား ချန်ပီယံရှစ်ဖလားတွေအပြင် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရှင်ဆုနဲ့ အားကစားကလောင်ရှင်တွေရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။