MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၁၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီကို အသင်းမှာ နောက်ထပ်တစ်ရာသီ ဆက်လက်ရှိနေဖို့အတွက် ကြိုးပမ်းခဲ့ရာ အခုတော့ ၂၀၂၂ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုး စာချုပ်ကို ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကာဗာနီဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး(၁၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ယောက်လည်းဖြစ် လက်ရှိမှာ အသင်းရဲ့ ဒုဥက္ကဌရာထူးကိုပါ တာဝန်ယူထားတဲ့ နက်ဗက်က အသင်းနည်းပြ အန်ဒရေပီယာလိုနဲ့ အသင်းရဲ့ ကြယ်ပွင့်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာ လာမယ့်ဘောလုံးရာသီအတွင်းမှာလည်း အသင်းနဲ့ပဲ ဆက်လက်ပူးပေါင်းသွားမှာဖြစ်တယ်လို့ အသိပေးပြောဆိုလိုက်ပါတယ်။

လာမယ့် ၂၀၂၂ခုနှစ်မှာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အိုင်ဗရီကို့စ် ညာနောက်ခံကစားသမား အော်ရီယာကို အသင်းဘက်ကနေ သက်တမ်းတိုးဖို့ လုပ်ဆောင်နေသလို ရီးယဲလ်မက်ဒရစ်အသင်းကပါ အော်ရီယာရဲ့ အခြေအနေကို စောင့်ကြည့်လျက်ရှိနေပြီး ခေါ်ယူသွားဖို့လည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။

ဘာစီလိုနာအသင်းရဲ့ စပိန်ဝါရင့် ကွင်းလယ်ကစားသမားကြီး ဘူးစကတ်စ်ဟာ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ လာလီဂါပွဲစဉ်မှာ ထိခိုက်မှုကြောင့် မေးရိုးကွဲသွားခဲ့ရလို့ ချက်ချင်းဆေးရုံမှာ ကုသခံခဲ့ရပေမယ့် သက်သာလာပြီဖြစ်တာကြောင့် လီဗန်တေးနဲ့ပွဲစဉ်မှာပါ ပြန်လည်ပါဝင်ကစားဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မေ(၁၈)ရက်နေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ပရိသတ်အနည်းငယ်ခန့် လာရောက်ကြည့်ရှုအားပေးလို့ ရရှိနိုင်အောင် စီစဉ်ထားနေတယ်လို့ တွစ်တာစာမျက်နှာပေါ်ကနေတစ်ဆင့် အသိပေးကြေညာသွားခဲ့ပါတယ်။