MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၉ရက်နေ့ မနက်၉နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

Photo Credit : Goal

ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ နောက်ခံကစားသမားဟောင်း နာသန်အကီကို ဘုန်းမောက်အသင်းကနေ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ ဘုန်းမောက်အနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရမယ်ဆိုရင် သူတို့အသင်းရဲ့ ဗဟိုနောက်ခံလူ အကီကို ချယ်လ်ဆီးအသင်းဆီ ပြန်လည်ရောင်းချရနိုင်သလို တန်ကြေးကိုလည်း လျော့ချရဖွယ် ရှိနေပါတယ်။

Photo Credit : Goal

စပါးအသင်းဟာ ရိုးမားအသင်းရဲ့ အီတလီလူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ဇာနီလိုကို ခေါ်ယူဖို့အတွက် လက်လျှော့လိုက်ပြီလို့ သိရှိရပါတယ်။ စပါးအသင်းဟာ အသက်(၂၀)နှစ်အရွှယ် ကွင်းလယ်လူဇာနီလိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် နောက်ခံလူအယ်ဒါဝီရယ်ကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့ပေမယ့် ရိုးမားဘက်က ပေါင်(၆၂)သန်းအထိ တောင်းဆိုနေတာကြောင့် အခုလို ခေါ်ယူဖို့ လက်လျှော့လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Premier League

မန်စီးတီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ အသင်းရဲ့ခံစစ်ပိုင်း အင်အားတိုးမြှင့်စေနိုင်ဖို့အတွက် လက်စတာနောက်ခံလူ ဆိုယွန်ဂျူကို ခေါ်ယူသွားသင့်တယ်လို့ ကွင်းလယ်ကစားသမား ဂန်ဒိုဂန်က တိုက်တွန်းလိုက်ပါတယ်။ ဆိုယွန်ဂျူဟာ ဒီနှစ်ဘောလုံးရာသီမှာ လက်စတာအသင်းအတွက် အထူးခြေစွမ်းပြထားခဲ့လို့ သူ့ကို အသင်းကြီးတွေကနေ ဝိုင်းပစ်မှတ်ထားနေရတာဖြစ်ပါတယ်။

Photo Credit : AS English

လီယွန်နယ်မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်သလို တကယ်လို့ သူက ကစားပုံနဲ့ပတ်သက်ပြီး အကြံပေးမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် နားထောင်သင့်တယ်လို့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် သူရဲ့ဘာစီကစားသမားဘဝ ပထမရာသီမှာ မက်ဆီနဲ့ တွဲဖက်ကစားခဲ့ရခြင်းအပေါ် အရမ်းဂုဏ်ယူမိတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဂျုဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမားပီယာနစ်က သူ့ကို လာရောက်ကမ်းလှမ်းထားတဲ့ ကလပ်အသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ပယ်ချသွားခဲ့ပြီး ဘာစီလိုနာအသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ သိရှိရပါတယ်။