MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၇ရက်နေ့ မနက်၉နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

Photo Credit : Tribuna

ဂျုဗင်တပ်စ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အက်ဒရီယန်ရာဘီအော့ကို ခေါ်ယူနိုင်ဖို့အတွက် လက်ရှိမှာ အဲဗာတန်အသင်းက ထိပ်ဆုံးနေရာကနေ ရေပန်းစားလျက်ရှိနေပြီး သူနဲ့ ပီအက်စ်ဂျီအသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ ဝါရင့်နည်းပြကြီး ကားလို့စ်အန်စလော့တီနဲ့ ပြန်လည်လက်တွဲဖို့အတွက် အဲဗာတန်ကိုသာ ရွေးချယ်ဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

မနေ့ညက ကစားသွားခဲ့တဲ့ လေဗာကူဆင်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ဘွန်ဒစ်လီဂါ ပွဲစဉ်(၃၀) ပွဲစဉ်အတွင်း အဝါကတ်ကိုယ်စီ ပြသခံခဲ့ရတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးလီဝန်ဒေါစကီးနဲ့ အသင်းရဲ့အမာခံကစားသမား သောမတ်စ်မူလာတို့ဟာ ဒီရာသီအတွင်း (၅)ကြိမ်မြောက် အဝါကတ်ပြသခံခဲ့ရတာဖြစ်လို့ လာမယ့်တစ်ပတ် မိုချန်ဂလာဘတ်နဲ့ပွဲကို လွဲချော်ရတော့မှာပဲဖြစ်ပါတယ်။

Photo Credit : Tribuna

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဇာဟာက မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့စဉ်တုန်းက ကောလဟာလတွေ ထွက်ပေါ်ခဲ့သလို သူနဲ့ အဲ့ဒီအချိန် ယူနိုက်တက်အသင်းနည်းပြဖြစ်ခဲ့တဲ့ ဒေးဗစ်မိုရက်စ်ရဲ့သမီးဖြစ်သူနဲ့ကြားမှာ ဘာပတ်သတ်မှုမှာ ရှိမနေခဲ့ဘူးလို့ ငြင်းဆိုသွားခဲ့ပါတယ်။

Photo Credit : En24News

နယ်သာလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်းက သူ့ကို သူရဲ့အသင်းဟောင်း ဘာစီလိုနာကနေ နည်းပြသစ်အဖြစ် ဆောင်ရွှက်ပေးဖို့ ကမ်းလှမ်းခြင်းကို လက်ခံရရှိပေမယ့်လည်း သူ့အနေနဲ့ နယ်သာလန်အသင်းကနေ ထွက်ခွာသွားဖို့ အချိန်မတန်သေးဘူးလို့ ခံစားမိတာကြောင့် ဘာစီရဲ့ကမ်းလှမ်းချက်ကို ပယ်ချမိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Tribuna

ဂျုဗင်တပ်စ်အသင်းရဲ့ နောက်ခံကစားသမား ရူဂါနီဟာ လာမယ့်ရာသီသစ်မှာ အသင်းကနေ ထွက်ခွာသွားဖို့ သေချာသလောက်ဖြစ်နေသလို ပရီးမီးယားလိဂ်ကိုပဲ လာရောက်ဖွယ်ရှိတာကြောင့် ဒီအီတလီနောက်ခံလူ ခေါ်ယူဖို့အတွက် အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့ကနေ ချိတ်ဆက်လျက်ရှိနေတယ်လို့ Tuttosport ကနေ ဖော်ပြလာခဲ့ပါတယ်။