MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၃၀ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းဟာ ဒီလကုန်မှာပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် မန်ချက်စတာ အကယ်ဒမီထွက် လူငယ်ကွင်းလယ်ကစားသမားလေး အိန်ဂျယ်ဂိုးမက်စ်ကို အလွတ်ပြောင်းရွှေ့ကြေး ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပြီး ကစားသမားကို စိတ်ဝင်စားနေတဲ့အသင်း အရေအတွက်က အတော်လေးကို များပြားလျက်ရှိနေပါတယ်။

ဂျုဗင်တပ်စ်အသင်းဟာ အသင်းရဲ့ဝါရင့်ကစားသမားကြီးတွေဖြစ်တဲ့ အသင်းခေါင်းဆောင် နောက်ခံလူချီလီနီနဲ့ ဂိုးသမားကြီးဘူဖွန်တို့ကို တစ်နှစ်စီ စာချုပ်သက်တမ်းတိုးမြှင့်လိုက်ပြီး ဘာစီလိုနာကွင်းလယ်ကစားသမား အာသာကိုလည်း ယူရို(၇၂)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ကာ လာမယ့်ရာသီအတွင်း အသင်းနဲ့ လာရောက်ပူးပေါင်းတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဂျုဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ပီယာနစ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀) အပိုဆုကြေး ယူရို(၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပီယာနစ်ကို (၄)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး စာချုပ်လျော်ကြေးကိုလည်း ယူရိုသန်း(၄၀၀)အထိတောင် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

ဒီရာသီမှ ချယ်လ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကစားခွင့်ရနေတဲ့ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစား အီဒင်ဟာဇက်ဟာ သူရဲ့မက်ဒရစ်ကစားသမားဘဝအစမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး လာလီဂါပြိုင်ပွဲမှာဆိုရင်လည်း မကြာခဏဆိုသလို ပြစ်ဒဏ်ကျူးလွန်ခံနေရကာ လေ့လာချက်တွေအရ ဟာဇက်က သူကစားရတဲ့ ပွဲတွွေအတွင်း (၂၃)မိနစ်တိုင်း ပြစ်ဒဏ်တစ်ကြိမ်ခန့် ကျူးလွန်ခံနေရတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ချန်ပီယံ လီဗာပူးလ်အသင်းက လာမယ့်ရာသီ အသင်းကိုအင်အားတောင့်တင်းနိုင်ဖို့အတွက် ဘရိုက်တန်အသင်းကနေ လိဒ်ယူနိုက်တက်အသင်းမှာ အငှားနဲ့လာရောက်ကစားနေတဲ့ နောက်ခံကစားသမား ဘင်ဝှိုက်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ပြောင်းရွှေ့ကြေးကို ပေါင်(၃၅)သန်းလောက်အထိ အသုံးပြုသွားရဖွယ် ရှိနေပါတယ်။