MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၂၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဒိန်းမတ်အသင်းဟာ ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ရုရှားအသင်းကို (၄)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ရှုံးထွက်အဆင့် တတ်လှမ်းလာခဲ့သလို ရှုံးထွက်အဆင့်မှာလည်း ဝေးလ်စ်အသင်းကို (၄)ဂိုးပြတ်သွင်းယူကာ ကွာတားဖိုင်နယ်ကို တတ်လှမ်းလာခဲ့တဲ့အတွက် ယူရိုပြိုင်ပွဲ သမိုင်းတလျှောက် (၂)ပွဲဆက်တိုက် သွင်းဂိုး(၄)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းတစ်သင်း ဖြစ်လာခဲ့ရပါတယ်။

အာဂျင်တီးနား နာမည်ကျော်ကလပ် ရေးဗားပလိတ်အသင်းမှာ ပါဝင်ကစားလျက်ရှိနေတဲ့ အသက်(၂၄)နှစ်အရွှယ် ဥရုဂွေးကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သူ နီကိုလပ်စ်ဒီလာခရုဇ်ကို မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ကာဗာနီရဲ့အကူအညီနဲ့ ဒီကစားသမားကို အရခေါ်ယူဖွယ် ရှိနေပါတယ်။

လတ်တလောမှာ ကောလဟာလတွေ ထွက်ပေါ်လို့နေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ သတင်းတွေဟာ လုံးဝကို သတင်းအတုတွေသာဖြစ်ပြီး ဒီနွေရာသီစျေးကွက်အတွင်းမှာ လီဗာပူးလ်အသင်းနဲ့ ဘာပေတို့ရဲ့ကြားမှာ ဘာမှထူးခြားလာမှာမဟုတ််ဘူးလို့ အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

စပိန်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Fichajes ရဲ့ဖော်ပြချက်များအရ ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ်ကို လက်လွတ်ထားခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ မနှစ်ကမှ လက်စတာအသင်းကို ရောက်ရှိလာခဲ့တဲ့ နောက်ခံကစားသမားလေး ဖိုဖာနာကို ရာမို့စ်နေရာမှာ အစားထိုးဖို့အတွက် ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

သြစတြီးယားအသင်းကို အချိန်ပိုမှာ အနိုင်ယူပြီး ယူရို-၂၀၂၀ ကွာတားဖိုင်နယ်အဆင့်ဆီ တတ်လှမ်းသွားနိုင်ခဲ့တဲ့ အီတလီအသင်းဟာ ဒီနိုင်ပွဲကြောင့် နိုင်ငံတကာပြိုင်ပွဲတွေအတွင်း (၃၁)ပွဲဆက်တိုက် ရှုံးပွဲလုံးဝမရှိခဲ့ရတာ ဖြစ်တဲ့အပြင် အီတလီအသင်းရဲ့ သမိုင်းတလျှောက်မှာပါ ရှံးပွဲမရှိ စံချိန်သစ်တစ်ရပ်ကို စိုက်ထူလိုက်နိုင်တာလည်း ဖြစ်ခဲ့ရပါတယ်။