MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၂၆ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ ဘယ်ဂျီယံလက်ရွေးစင် ညာနောက်ခံကစားသမား သောမတ်စ်မြူနီယာဟာ သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း ဒေါ့မွန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပြီိဖြစ်ပါတယ်။ အသက်(၂၈)နှစ်အရွှယ် နောက်ခံလူဟာ ဒေါ့မွန်အသင်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုပြီး ကျောနံပါတ်(၂၄)ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

တကယ်လို့သာ ပီအက်စ်ဂျီအသင်းက ဒီနှစ်ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ တိုက်စစ်ကစားသမား နေမာအနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို ပိုင်ဆိုင်သင့်တယ်လို့ နေမာရဲ့ ဘရာဇီးစီနီယာ ကစားသမားဟောင်းကြီးကာကာက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

လီယွန်နယ်မက်ဆီကို အရူးအမှုးအားပေးနေတဲ့ အိန္ဒိယနိုင်ငံသားတစ်ယောက်ဟာ မနေ့က ကျရောက်ခဲ့တဲ့ မက်ဆီရဲ့ (၃၃)ပြည့်မွေးနေ့ရက်မြတ်အတွက် သူရဲ့အိုင်ဒေါမက်ဆီကို ရည်စူးပြီး မွေးနေ့အလှူကြီးတစ်ခုကို လုပ်ဆောင်ပေးခဲ့ကာ ကိုရိုနာဗိုင်းရပ်စ်ဝေဒနာကို ခံစားနေရတဲ့ ရောဂါသည်ပေါင်း အယောက်ငါးထောင်အတွက် အစားအသောက်နဲ့ ဝတ်စုံတွေကို လှူဒါန်ပေးခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကြယ်ပွင့်ကစားသမားလေး အန်ဆူဖာတီရဲ့ဖခင်ဖြစ်သူက သူ့သားနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကြား အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့သလို တကယ်မဟုတ်မှန်ကြောင်း ဖာတီက ဘာစီလိုနာမှာပဲ သူရဲ့အနာဂတ်က ဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။

ဇွန်လအကုန်မှာပဲ အသင်းနဲ့ သက်တမ်းကုန်ဆုံးတော့မယ့် ညာနောက်ခံကစားသမား နာသန်နီရယ်ကလိုင်းအနေနဲ့ အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်တယ်လို့ လီဗာပူးလ်အသင်းဘက်ကနေ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။ အသက်(၂၉)အရွှယ် နောက်ခံလူကလိုင်းဟာ ၂၀၁၅ခုနှစ်တုန်းက ဆောက်သမ်တန်ကနေ လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။