MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၂၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စကော့တလန်အသင်းဟာ မနေ့ညက အုပ်စုနောက်ဆုံးပွဲစဉ်အတွင်း ခရိုအေးရှားအသင်းကို အရေးနိမ့်လိုက်ရတာကြောင့် ယူရိုပြိုင်ပွဲကို အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပေမယ့် အသင်းအတွက် တစ်လုံးတည်းသောသွင်းဂိုးကို သွင်းယူခဲ့တဲ့ မက်ဂရီဂေါ်ကတော့ (၂၅)နှစ်တာကာလအတွင်း စကော့တလန်အတွက် ပထမဆုံး ယူရိုပြိုင်ပွဲမှာ သွင်းဂိုးသွင်းယူပေးတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပြိုင်ပွဲအတွင်း ပထမဆုံး ဂိုးသွင်းယူခဲ့တဲ့ (၂၁)ရာစုဖွား ကစားသမားဖြစ်သူ အသက်(၁၇)နှစ်အရွှယ်ရှိ ပိုလန်လူငယ်ကစားသမားလေး ကိုဇလော့စကီးကို ပိုဂွန်အသင်းကနေ ခေါ်ယူချင်နေပေမယ့် အခြားသော ဥရောပထိပ်သီးအသင်းများစွာကလည်း ဒီကစားသမားလေးကို စိတ်ဝင်စားလျက်ရှိနေတာကြောင့် ခက်ခက်ခဲခဲ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီကို တကျော့ပြန် တန်းပြန်တတ်ခွင့် ရရှိခဲ့တဲ့ နောဝစ်ချ်စီးတီးအသင်းဟာ နွေရာသီ ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဝါဒါဘရီမင်အသင်းရဲ့ ကိုဆိုဗိုလက်ရွေးစင် တောင်ပံကစားသမားဖြစ်သူ မီလော့တ်ရှာရှီကာဆိုသူ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဘရိုက်တန်နောက်ခံကစားသမား ဘင်ဝှိုက်ကို အရခေါ်ယူချင်နေတာကြောင့် ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နဲ့ ကမ်းလှမ်းထားခဲ့ပေမယ့် ဘရိုက်တန်ဘက်ကနေ ပယ်ချထားခဲ့တာဖြစ်လို့ နောက်တစ်ကြိမ် ကမ်းလှမ်းမှုကို ထပ်မံလုပ်ဆောင်ဖွယ်ရှိနေပြီး လူငယ်နောက်ခံကစားသမား ဆလီဘာကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် ထည့်သွင်းကမ်းလှမ်းဖွယ်ပါ ရှိနေပါတယ်။

စကော့တလန်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပွဲစဉ်မှာ အသင်းအတွက် ဒုတိယမြောက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဝါရင့်ကွင်းလယ်ကစားသမားကြီး လူကာမိုဒရစ်ဟာ ခရိုအေးရှားလက်ရွေးစင်အသင်းရဲ့ သမိုင်းတလျှောက် ယူရိုပြိုင်ပွဲအတွင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ်နဲ့ရော အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ်နဲ့ပါ သတ်မှတ်ခံလိုက်ရပါတယ်။