MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၂၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

သြစတြီးယားလက်ရွေးစင် ဘောလုံးအသင်းဟာ မနေ့ညက ယူကရိန်းအသင်းကို အနိုင်ယူခဲ့ပြီးနောက်မှာ ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ (၁၆)သင်းရှုံးထွက်အဆင့်ကို တတတ်လှမ်းနိုင်ခဲ့ပြီး ဒါဟာ သူတို့အသင်းရဲ့ သမိုငျးတလြှောကျ ပထမဆုံးအကြိမ်အဖြစ် အခုလို ရှုံးထွက်အဆင့်ဆီကို တတ်လှမ်းခဲ့ရတာဖြစ်သလို (၁၆)သင်းအဆင့်မှာတော့ အုပ်စု(A)ရဲ့ အုပ်စုဗိုလ် အီတလီအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တန်းတတ်လာခဲ့ရတဲ့ ဝက်ဖိုဒ့်အသင်းဟာ လက်ရှိအချိန်မှာတော့ နွေရာသီ ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဘယ်ဂျီယံ ထိပ်သီးကလပ် ကလပ်ဘရုဂျက်စ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား အီမန်နူရယ်ဒန်းနစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း အသင်းဘက်ကနေ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ရုရှားအသင်းတို့ရဲ့ ယူရို-၂၀၂၀ အုပ်စု B အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဒိန်းမတ်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဒမ်းစ်ဂေါ့ဟာ ၂ဝဝဝခုနှစ်နောက်ပိုင်းမှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် ယူရိုပြိုင်ပွဲအတွင်း ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဦးဆုံး (၂၁)ရာစုဖွား ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

လက်ရှိ ကျင်းပလျက်ရှိနေတဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသလျက်ရှိနေတဲ့ နယ်သာလန်လက်ရွေးစင် ညာနောက်ခံကစားသမား ဒမ်ဖရိုင်းစ်ကို ဘိုင်ယန်မြူးနစ် အင်တာမီလန် အေစီမီလန်နဲ့ အဲဗာတန်အသင်းတို့ကနေ ခေါ်ယူချင်နေကြပြီး ဒမ်ဖရိုင်းစ်ကိုယ်တိုင်ကလည်း ပီအက်စ်ဗွီအသင်းကနေ ထွက်ခွာချင်နေတယ်လို့ သိရှိရပါတယ်။

နယ်သာလန်လက်ရွေးစင်အသင်းဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း အုပ်စုတွင်းပွဲစဉ်အားလုံးကို အနိုင်ကစားခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ခဲ့သလို လွန်ခဲ့တဲ့ ယူရို-၂၀၀၈နဲ့ ယူရို-၂ဝဝဝပြိုင်ပွဲတွေမှာလည်း အခုလို အုပ်စုအတွင်း ရာနှုန်းပြည့်နိုင်ပွဲများနဲ့အတူ နောက်တစ်ဆင့်ကို တတ်လှမ်းခဲ့ဖူးတာကြောင့် ယူရိုပြိုင်ပွဲ (၃)ခုအတွင်း အုပ်စုတွင်း ပွဲအားလုံးကို အနိုင်ရခဲ့တဲ့ ပထမဆုံးသော အသင်းတစ်သင်း ဖြစ်လာခဲ့ရပါတယ်။