MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၁၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အက်စတွန်ဗီလာအသင်းဟာ မနှစ်က ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်းမှာ အထူးခြေစွမ်းပြသနိုင်ခဲ့တဲ့ လူငယ်ကွင်းလယ်ကစားသမားလေး စမစ်ရိုးကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းနဲ့ ကမ်းလှမ်းမှုတစ်ရပ်ကို လုပ်ဆောင်လာခဲ့ရာ အာဆင်နယ်ဘက်ကနေ ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့ပါတယ်။

လက်စတာစီးတီးအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဂျေမီဗာဒီက ဒီရက်ပိုင်းအတွင်းမှာပဲ မေဂျာလိဂ်ကလပ် ရိုချက်စတာရိုင်းနိုစ်အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်လာခဲ့ပေမယ့် ဘောလုံးကစားသမားဘဝကို အဆုံးသတ်ဖို့တော့ စိတ်ကူးမရှိသေးပဲ လက်စတာအသင်းနဲ့ (၂)နှစ်စာချုပ် သက်တမ်းကျန်ရှိနေသေးတာဖြစ်လို့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ဆက်လက်ကစားသွားဦးမယ်လို့ ပြောဆိုလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီကမှ အေဂျက်စ်ကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်က ယူနိုက်တက်မှာ ပုံမှန်နေရာပျောက်ဆုံးနေတာကြောင့် အသင်းကနေ ထွက်ခွာချင်နေပြီး အေဂျက်စ်အသင်းဖော်ဟောင်း ဒီဂျောင်ရှိရာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ချင်နေပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့သွားတဲ့ နည်းပြကြီး အန်စလော့တီရဲ့နေရာမှာ ပြန်လည်အစားထိုး ခန့်အပ်သွားဖို့အတွက် နည်းပြသစ်တစ်ဦးကို ရှာဖွေလျက်ရှိနေတဲ့ အဲဗာတန်အသင်းဟာ မြို့ခံခါးသီးပြိုင်ဘက် လီဗာပူးလ်အသင်းရဲ့ နည်းပြဟောင်း ရာဖေးဘင်နီတက်ဇ်ကို ခန့်အပ်သွားဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ရှိလို့နေပြီဖြစ်ပါတယ်။

စပါးအသင်းဟာ နွေစျေးကွက်အတွင်းမှာ အသင်းဟောင်း ပီအက်စ်ဂျီအသင်းဆီကို ပြန်သွားဖို့ရှိနေတဲ့ ဆာဂျီအော်ရီယာရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဘရိုက်တန်အသင်းရဲ့ လူငယ်ညာနောက်ခံကစားသမား လမ်တေးကို ပစ်မှတ်ထားလျက်ရှိနေပြီး မကြာခင်မှာ ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

မနေ့ညက ဆွတ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်သွားခဲ့ရတဲ့ ယူရိုပြိုင်ပွဲအတွင်း အီတလီအသင်းအတွက် ခြေစွမ်းပြပြီး သွင်းဂိုးတွေ သွင်းယူပေးခဲ့တဲ့ ဆာဆူအိုလို ကွင်းလယ်လူ လိုကာတယ်လီကို ဥရောပထိပ်တန်း ကလပ်အသင်းတွေများစွာကနေ စိတ်ဝင်စားနေပြီး ဂျုဗီနည်းပြသစ် အယ်လီဂရီကို လိုကာတယ်လီကို သူရဲ့အသင်းဆီ အရခေါ်ဆောင်ချင်နေပါတယ်။