MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၁၃ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ အသင်းကနေ ရောင်းထုတ်ဖွယ်ရှိနေတဲ့ ကန်တီနဲ့ ဂျော်ဂျင်ဟိုတို့နေရာအတွက် ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်လူငယ်ကစားသမားလေး ဒစ်ကလန်ရိုက်စ်နဲ့ အစားထိုးသွားချင်နေပြီး ကစားသမားကို ခေါ်ယူရာမှာ အသင်းမှ တိုက်စစ်ကစားသမား ဘတ်ရှအာယီကို အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေးသွားဖွယ်ရှိနေပါတယ်။

ပြင်သစ်လီဂူးကလပ် နန့်တက်စ်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ချီရီဗယ်လာကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။ အသက်(၂၃)နှစ်အရွှယ်ရှိ စပိန်ကွင်းလယ်ကစားသမားဟာ လီဗာပူးလ်မှာ နေရာရခြင်းမရှိပဲ အသင်းများစွာမှာ အငှားနဲ့ထွက်ကစားနေရသူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ဝါရင့်ကစားသမားကြီး အာဂျန်ရော်ဘင်ဟာ သူရဲ့ဘောလုံးသမားဘဝကို ပြန်လည်အသက်သွင်းဖို့ ရှိနေပေမယ့်လည်း သူ့အသင်းဟောင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ ပြန်ကစားဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ မနေ့ညက ကစားသွားခဲ့တဲ့ ကိုပါအီတလီယာပွဲစဉ်မှာ ပင်နယ်တီကန်ခွင့်ရရှိခဲ့ပေမယ့်လည်း ဂိုးမဝင်ခဲ့တာကြောင့် ဒီလွဲချော်မှုဟာ သူရဲ့ဂျုဗင်တပ်စ်ကစားသမားဘဝအတွင်း ဒုတိယအကြိမ်ဖြစ်ခဲ့ကာ ပထမတစ်ကြိမ်ကတော့ ၂၀၁၉ခုနှစ်က ချီယေဗိုနဲ့ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာဖြစ်ပါတယ်။