MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စပါးအသင်းဟာ အသင်းကနေ ထွက်ခွာသွားဖွယ်ရှိနေတဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် မိုချန်ဂလာဘတ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး မားကပ်စ်သူရမ်ကို ချိတ်ဆက်လျက်ရှိနေပြီး အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးမှုတွေကိုပါ ပြုလုပ်လျက်ရှိနေတယ်လို့ RMC Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

နာမည်ကျော်နည်းပြ ဟိုဆေးမော်ရင်ဟိုရဲ့ အသင်းသစ် ဖြစ်လာတော့မယ့် ရိုးမားအသင်းဟာ လတ်တလောမှာတော့ တိုရီနိုအသင်းရဲ့ အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား ဘယ်လော့တီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

Sky Sport Italia ရဲ့ သတင်းထုတ်ပြန်ချက်များအရ ဘာစီလိုနာနဲ့ အသက်လက်တီကိုမက်ဒရစ်တို့လို စပိန်လာလီဂါ ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ အာဂျင်တီးနား တိုက်စစ်မှူးလေး လော်တာရိုမာတီနက်ဇ်ကို အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရိုသန်း(၉၀)နဲ့ ကမ်းလှမ်းလာမှသာ အင်တာမီလန်ဘက်ကနေ လက်လွတ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

 

နည်းပြသစ်တစ်ဦးကို ရှာပုံတော်ဖွင့်နေရတဲ့ စပါးအသင်းဟာ ရိုးမားအသင်းနဲ့ လမ်းခွဲထားခဲ့ရတဲ့ ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ ပေါ်လိုဖွန်ဆီကာကို နည်းပြအဖြစ် ခန့်အပ်သွားဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ရာ အခြေအနေ ကောင်းမွန်လျက်ရှိနေသလို အသင်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုဖွယ်လည်း ရှိနေပါတယ်။ ရိုးမားအသင်းကတော့ ဖွန်ဆီကာရဲ့နေရာမှာ စပါးနည်းပြဟောင်း မော်ရင်ဟိုကို အစားထိုးခန့်အပ်လို့ထားပါတယ်။

မနေ့ညက ယှဉ်ပြိုင်သွားခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ အစ္စရေးလ်လက်ရွေးစင်အသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်အတွင်းမှာ ပေါ်တူဂီအသင်းက ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ဇ်ရဲ့ သွင်းဂိုး(၂)ဂိုး ရော်နယ်ဒို ကန်ဆယ်လိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အစ္စရေးလ်အသင်းကို (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူသွားခဲ့ပါတယ်။