MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၄ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ဆင်မြူရယ်အမ်တီတီဟာ ဘယ်ဘယ်ဒူးဒဏ်ရာကို ခံစားနေရတာကြောင့် ကုသမှုတွေကို ဆက်လက်လုပ်ဆောင်ရဦးမှာဖြစ်ပြီး အသင်းရဲ့ပွဲစဉ်တွေကိုလည်း ဆက်လက်လွဲချော်ရဦးမှာဖြစ်ပါတယ်။ အမ်တီတီဟာ ဒီရာသီမှာ ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲရင်ဆိုင်နေရကာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ(၁၈)ပွဲသာ ကစားထားရပါတယ်။

မန်စီးတီးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ဂျာမန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား လီရွိုင်းဆာနေးဟာ သူရဲ့အသင်းသစ် ဘိုင်ယန်မှာ ကျောနံပါတ်(၁၀)ကို ဝတ်ဆင်သွားမယ်လို့ သိရှိရပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာကနေ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ ကော်တင်ဟိုက ကျောနံပါတ်(၁၀)ကို ဝတ်ဆင်နေတာဖြစ်ပေမယ့် အငှားနဲ့စာချုပ်ပြည့်ရင် အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်း ဘာစီလိုနာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေရတဲ့ ပြင်သစ်တိုက်စစ်ကစားသမား အန်တိုနီယိုဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် ပစ်မှတ်ထားလို့နေပါတယ်။

ဒေါ့မွန်အသင်းရဲ့တိုက်စစ်ကစားသမားလေး အာလင်းဟာလန်းဟာ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာတော့ ကျောနံပါတ်အပြောင်းအလဲလုပ်တဲ့အနေနဲ့ အခုဝတ်ဆင်နေတဲ့ ကျောနံပါတ်(၁၇)အစား အထောင်တိုက်စစ်ကစားသမားတွေ ဝတ်ဆင်လေ့ရှိတဲ့ ကျောနံပါတ်(၉)ကို ပြောင်းလဲဝတ်ဆင်သွားတော့မယ်လို့ သိရှိရပါတယ်။

ဝုလ်ဗ်နောက်ခံလူကိုအာဒီ မန်ယူကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင့်စ် ဝုလ်တိုက်စစ်မှူးဂျီမီနက်ဇ် မန်ယူတိုက်စစ်မှူးမာစီယဲလ်နဲ့ နယူးကာဆဲလ် တောင်ပံကစားသမား စိန့်မက်ဆီမန်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ ဇွန်လတစ်လတာအတွင်း အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ရွေးချယ်ခံထားရပါတယ်။