MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချက်အသင်းဟာ ယူရို-၂၀၀၄ပြိုင်ပွဲတုန်းက ကွာတားဖိုင်နယ်မှာ ဒိန်းမတ်အသင်းကို အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ထိ တတ်လှမ်းခဲ့ရသလို ယခု ကျင်းပလို့နေတဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာတော့ ဒိန်းမတ်က ချက်အသင်းကို ကွာတားဖိုင်နယ်အဆင့်မှာ ပြန်လည်အနိုင်ယူခဲ့ပြီး ယူရိုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ဆီကို ဒုတိယအကြိမ်မြောက်အဖြစ် တတ်လှမ်းသွားခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စပိန်လက်ရွေးစင် ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ လာမယ့်ဘောလုံးရာသီ ယူနိုက်တက်အသင်းမှာပဲ ဆက်လက်ရှိနေချင်ပြီး ယူနိုက်တက်ဘက်က ဗီလာဂိုးသမား တွမ်ဟီတန်ကို ခေါ်ယူထားသလို အရန်ဂိုးသမား လီဂရန့်ကိုလည်း စာချုပ်သက်တမ်းတိုးလိုက်နိုင်ပေမယ့် ဒီဂီယာကိုယ်တိုင်ကတော့ အသင်းပြောင်းဖို့ ဆန္ဒမရှိပဲ ယူနိုက်တက်မှာသာ သူရဲ့ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းချင်နေပါတယ်။

အာဆင်နယ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား မက်တီအိုဂွမ်ဒူဇီဟာ ဘင်ဖီကာအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး လတ်တလောမှာ ကစားသမား ခေါ်ယူမှုတွေ များစွာလုပ်ဆောင်နေတဲ့ မာဆေးလ်အသင်းဆီကိုသာ ပြောင်းရွှေ့သွားဖို့ နီးစပ်လျက် ရှိနေပြီလို့ သိရပါတယ်။ ဂွမ်ဒူဇီနဲ့ မာဆေးလ်အသင်းတို့ရဲ့့ အပြောင်းအရွေ့ဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာပဲ အပြီးသတ်နိုင်တော့မှာဖြစ်ပါတယ်။

အီတလီစီးရီးအေကလပ် ကာဂလီယာရီအသင်းဟာ ရိုးမား မာဆေးလ်နဲ့ PSV အသင်းတွေရဲ့ ကွင်းလယ်ကစားသမားဟောင်းကြီး ကယ်ဗင်စထရူမန်းကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။ အသက်(၃၁)နှစ်အရွှယ် နယ်သာလန်ကွင်းလယ်လူ စထရူမန်းဟာ ရိုးမား ဂျီနိုအာအသင်းတွေနဲ့ စီးရီးအေမှာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်ပါတယ်။

ယူကရိန်းအသင်းကို ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ (၄)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ဆီကို တတ်လှမ်းသွားခဲ့ရတဲ့ အင်္ဂလန်အသင်းဟာ အုပ်စုအဆင့်(၃)ပွဲကနေ ရှံးထွက်အဆင့်မှာရော ကွာတားအဆင့်မှာ ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့ပြီးနောက် ယူရိုပြိုင်ပွဲ သမိုင်းတလျှောက် ပွဲစဉ်(၅)ပွဲဆက်တိုက် Clean Sheet ရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။