MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၃ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပွဲထွက်ကစားခွင့်တွေ နည်းပါးလွန်းနေတာကြောင့် လာမယ့်စျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး သူ့ကိုလည်း ပြင်သစ်လီဂူးချန်ပီယံ အသင်းကြီးဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ဗဟိုနောက်ခံကစားသမား အဲရစ်ဘိုင်လီကို လာမယ့်ရာသီမှာ အသင်းကနေ အငှားချသွားဖွယ်ရှိနေပြီး အပြီးသတ်ရောင်းချသွားဖို့ အစီအစဉ်မရှိသေးပဲ တစ်နှစ်လောက် သက်တမ်းတိုးဖွယ်ရှိနေပါတယ်။ အသက်(၂၆)နှစ်အရွှယ် အိုင်ဗရီကို့စ်နောက်ခံလူဟာ ဒဏ်ရာပြသာနာတွေကြောင့် ဒီရာသီမှာ ပွဲအနည်းငယ်ကိုပဲ ပါဝင်ကစားခဲ့ရပါတယ်။

ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းဟာ သူတို့အသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဟွမ်ဟီချန်းနဲ့ သူတို့အသင်းနဲ့ အကျိုးတူပူးပေါင်းထားတဲ့ ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းဆီကို ရောင်းချတော့မှာဖြစ်ပြီး လိုက်ပ်ဇစ်အသင်းနဲ့ ကစားသမားတို့ကြားမှာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်လို့ လာမယ့်တနင်္ဂနွေနေ့မှာ ကစားသွားရမယ့် ပွဲစဉ်ကတော့ ဟွမ်ဟီချန်းရဲ့ဆာလ်ဇ်ဘာ့ဂ်ကစားသမားဘဝ နောက်ဆုံးပွဲလည်း ဖြစ်လာပါတော့မယ်။

ရှက်ဖီးယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဆမ်ဒါဘာ့ဂျ်ဟာ မနေ့ညက ကစားသွားခဲ့တဲ့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီဂိုးဟာ ရှက်ဖီးကစားသမားဘဝ ပထမဆုံးသောသွင်းဂိုးလည်း ဖြစ်စေခဲ့ရသလို သူရဲ့ပထမဆုံးသော ဂိုးပေါက်တည့်ကန်ချက်ကနေ ရရှိခဲ့တဲ့သွင်းဂိုးလည်း ဖြစ်စေခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမားဟောင်း စတီဖင်ဝါနော့က လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် အာဆင်နယ်ကနေ တိုက်စစ်ကစားသမား အူဘာမီယန်းကို ခေါ်ယူသင့်ပြီး အဲ့ဒီကစားသမားသာရောက်လာရင် အသင်းက အကောင်းဆုံးအခြေအနေဖြစ်သွားမယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။