MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၃၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး အန်တိုနီမာစီယဲလ်နဲ့ တောင်ပံကစားသမား ဒန်နီယဲလ်ဂျိမ်းစ်တို့အတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် အသင်းကနေ ရောင်းထုတ်သွားမှာ ဖြစ်တယ်လို့ ESPN သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Sky Sports သတင်းမီဒီယာကနေ ဖော်ပြလာချက်တွေအရ ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ကတ်ဇူးမားဟာ အသင်းကနေ ထွက်ခွာသွားချင်နေပြီး ချယ်လ်ဆီးရဲ့ လန်ဒန်မြို့ခံ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားချင်နေတယ်လို့ သိရှိရပါတယ်။

ရိုးမားအသင်းဟာ အာဆင်နယ်အသင်းရဲ့ ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ဂရန်းနစ်ချာကာကို ခေါ်ယူသွားဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ချာကာအစား ဒေါ့မွန်အသင်းရဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမားဖြစ်တဲ့ သောမတ်စ်ဒီလေးနီကိုသာ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ခံစစ်ပိုင်းအတွင်း အဓိကနောက်ခံလူတွေဖြစ်တဲ့ ဆာဂျီယိုရာမို့စ်နဲ့ ရာဖယ်ဗာရန်းတို့ကို လက်လွတ်ထားဖြစ်တဲ့အတွက် သူတို့ရဲ့နေရာ ပြန်လည်အစားထိုးဖို့ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လိုနေတဲ့ နာပိုလီ နောက်ခံကစားသမားဟောင်း နီကိုလာမက်ဆီမိုဗစ်ကို ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

လတ်တလောမှာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့ အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်က အင်တာကနေ ထွက်ခွာဖွယ် ရှိနေပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒမရှိကြောင်း Sport Mediaset ကနေ ဖော်ပြလာခဲ့ပါတယ်။