MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၃၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂျပန်လူငယ်ကစားသမားလေး ကူဘိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မာယော့ကာအသင်းမှာ တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားပြီး အခုအခါ အသင်းနဲ့ အငှားသက်တမ်း ပြည့်မြောက်သွားလို့ ရီးရဲလ်ဆီ ပြန်လည်ရောက်ရှိနေပေမယ့် ရီးရဲလ်က သူ့ကို အငှားဆက်ချသွားချင်နေပြီး အိုဆာစူနာအသင်းဆီကို အငှားသွားကစားရဖို့ နီးစပ်လျက်ရှိနေပါတယ်။

လာဇီယိုတိုက်စစ်ကစားသမား အင်မိုဘီလီဟို မနေ့ညက ကစားသွားခဲ့တဲ့ ဘရက်စီယာအသင်းကို အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့လို့ သူရဲ့စီးရီးအေသွင်းဂိုးက (၃၅)ဂိုးရှိလာခဲ့တဲ့အတွက် ဒီရာသီရဲ့စီးရီးအေဂိုးသွင်းဘုရင် ဖြစ်လာနိုင်ဖို့ နီးစပ်နေသလို ဥရောပရွှေဖိနပ်ဆုအတွက်လည်း လီဝန်ဒေါစကီးကို ကျော်ဖြတ်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်နောက်ခံကစားသမားဟောင်း ဂျရုန်းဘိုတန်က သူအနေနဲ့ ပရီးမီးယားလိဂ်မှာ တကျော့ပြန် လာရောက်ကစားဖို့ စိတ်ကူးရှိကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ မန်စီးတီးကစားသမားဟောင်းကို အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က စောင့်ကြည့်လျက်ရှိနေပါတယ်။

လီဗာပူးလ်ကွင်းလယ်ကစားသမား အဒမ်လယ်လာနာကို ခေါ်ယူထားနိုင်ခဲ့တဲ့ ဘရိုက်တန်အသင်းဟာ အေဂျက်စ်အသင်းရဲ့ နယ်သာလန်နောက်ခံကစားသမား ဂျိုဟယ်ဗက်ဒ်မန်းကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသင်(၂၈)နှစ်အရွှယ်ရှိ ဗက်ဒ်မန်းကို ဘရိုက်တန်အသင်းကနေ ယူရိုတစ်သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူနိုင်ခဲ့တာလို့လည်း သိရှိရပါတယ်။

လာမယ့်ဇန်နဝါရီလမှာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဘရာဇီးတိုက်စစ်မှူးကြီး ဟော့ခ်က ဥရောပမှာ ပြန်လည်ခြေချတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းတွေရဲ့ကမ်းလှမ်းမှုတွေကို နားစွင့်ထားတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ရာ ဟော့ခ်ကို အင်္ဂလန်မြေမှာ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရဖွယ် ရှိနေပါတယ်။