MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လက်ရှိအချိန်မှာ အနာဂတ်မရေမရာ ဖြစ်လို့နေရတဲ့ အာဆင်နယ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဝီလီယံဟာ လတ်တလောမှာတော့ အမေရိကန် မေဂျာလိဂ် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို ဆွေးနွေးနေလျက်ရှိနေပြီး လစာကိစ္စ ညှိနှိုင်းမှု အဆင်မပြေခဲ့ရာကနေ အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ရတယ်လို့ သိရှိရပါတယ်။

၂၀၁၉ခုနှစ်မှာ အဲဗာတန်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်းကတည်းက အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ မားကိုဆေးဗားလ်ကို ဖူလ်ဟမ်အသင်းကနေ သူတို့ရဲ့နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ဆိုပြီး ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ ဖူလ်ဟမ်နည်းပြဟောင်း စကော့ပါကားကတော့ လက်ရှိမှာ ဘုန်းမောက်အသင်းရဲ့ နည်းပြသစ်အဖြစ် ပြောင်းလဲတာဝန်ယူနေပြီဖြစ်ပါတယ်။

ယူရို-၂၀၂၀ ပြိုင်ပွဲအတွင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဆွီဒင်လူငယ် တိုက်စစ်ကစားသမား အလက်ဆန်းဒါးအီဆက်ခ်ဟာ ဥရောပထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုတွေကို အတော်လေး ရရှိခဲ့ပေမယ့် အသင်းပြောင်းဖို့ စိတ်ဆန္ဒမရှိပဲ သူရဲ့ ဆိုစီဒက်အသင်းနဲ့သာ ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကိုသာ ချုပ်ဆိုသွားခဲ့ပါတယ်။

အသက်(၃၈)နှစ်အရွှယ် ရှိပြီဖြစ်တဲ့ ပြင်သစ်ဝါရင့် တောင်ပံကစားသမားကြီး ဖရန့်ရီဘာရီဟာ လာမယ့်ဘောလုံးရာသီသစ်မှာ ဖီအိုရင်တီးနားအသင်းအတွက် ဆက်လက်ပါဝင်ကစားပေးတော့မှာ မဟုတ်ကြောင်း အသင်းဘက်ကနေ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ရီဘာရစ်ကတော့ ဘောလုံးသမားဘဝကနေ အနားယူဖို့ အစီအစဉ်မရှိသေးပဲ ကလပ်အသင်းတစ်သင်းကို ထပ်မံပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

စပါးအသင်းဟာ ဘိုလော့ဂ်နာအသင်းရဲ့ ဂျပန်နောက်ခံကစားသမား တာကီဟီရိုတိုမီယာဆုကို ခေါ်ယူသွားဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘိုလော့ဂ်နာဘက်ကနေ ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။ လတ်တလောမှာတော့ နည်းပြနူနိုဆန်တိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ စပါးအသင်းဟာ ဝုလ်အသင်းခေါင်းဆောင် နောက်ခံလူ ကိုအာဒီကိုလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။