MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ဆင်မြူရယ်အမ်တီတီကို အခု နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်လျက်ရှိနေပြီး ခေါ်ယူချင်မယ့် ကလပ်အသင်းတွေကိုလည်း ရှာဖွေလျက် ရှိနေတယ်လို့ သိရပါတယ်။ အမ်တီတီဟာ လက်ရှိမှာတော့ ကလပ်အသင်းများစွာနဲ့ သတင်းထွက်နေပေမယ့် သူရဲ့ဒဏ်ရာပြသာနာတွေကြောင့် အမှန်တကယ် ခေါ်ယူလိုတဲ့ အသင်းအရေအတွက်က နည်းပါးလျက် ရှိနေပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းမှာ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ပြင်သစ်တိုက်စစ်ကစားသမား အလက်ဆန်းဒါးလာကာဇက်ကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ Mundo Deportivo သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်လက်တီကိုအသင်းဟာ လာကာဇက်ကို ယခင်စျေးကွက်တွေကတည်းက ပစ်မှတ်ထားနေခဲ့တာလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်ကစားသမားဟောင်း မာကိုအနော်တိုဗစ်ဟာ စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် လာမယ့် တနင်းလာနေ့မှာပဲ အီတလီနိုင်ငံကို ရောက်ရှိလာတော့မှာဖြစ်ပြီး ဆေးစစ်မှုတွေကို ခံယူသွားတော့မှာဖြစ်ကာ အပြောင်းအရွှေ့ကိုလည်း အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ နွေစျေးကွက်အတွင်း လီဗာပူးလ်အသင်းကနေ ရောင်းချခံရဖွယ် ရှိနေတဲ့ ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ရှာကွီရီကို အီတလီ စီးရီးအေကလပ် အသင်းတွေဖြစ်တဲ့ လာဇီယို ရိုးမားအသင်းတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ဆီဗီလာ နဲ့ ဗီလာရီးယဲလ်တို့လို လာလီဂါကလပ်အသင်းတွေကလည်း ရှာကွီရီကို ခေါ်ယူချင်နေကြတယ်လို့ သိရှိရပါတယ်။

ဒါဘီကောင်တီ ကျူပီအာအသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက် စီနီယာအသင်းအတွက် ပါဝင်ကစားခွင့်ရခဲ့တဲ့ အသက်(၁၈)နှစ်အရွှယ် လူငယ်နောက်ခံကစားသမားလေး ဝဲလ်ဖစ်ရှ်ဟာ အင်္ဂလန် ပဥ္စမတန်း ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စတော့ပို့တ်အသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။