MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စပါးအသင်းရဲ့ ဂန္တဝင်ကစားသမားကြီးတစ်ယောက်ဖြစ်တဲ့ နောက်ခံကစားသမားဟောင်း လက်ဒလေကင်းကတော့ စပါးအသင်းဆီကို ပြန်လာဖို့ရှိနေပြီး အသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုရဲ့ နည်းပြအဖွဲ့ဝင်တစ်ယောက်အဖြစ် တာဝန်ယူလုပ်ကိုင်သွားဖို့ ဆွေးနွေးမှုတွေကို စတင်ပြုလုပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက အသင်းရဲ့အဓိက တိုက်စစ်ကစားသမားဖြစ်သူ ဆာဂျီယိုအဂွေးရိုးအနေနဲ့ လက်ရှိမှာ ဒဏ်ရာပြသာနာကြောင့် အနားယူနေရတယ်ဆိုပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲအမှီ သူရဲ့ဒဏ်ရာက ပြန်လည်သက်သာလာနိုင်မှာဖြစ်ပြီး အသင်းအတွက် ပြန်ကစားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့နည်းပြဖရန့်လမ်းပတ်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၇) လီဗာပူးလ်အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်း အချင်းများခဲ့တဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး လီဗာပူးလ်အသင်းက စိတ်ကြီးဝင်လွန်းနေတယ်လို့ ပြောခဲ့မိတဲ့အပေါ် လုံးဝနောင်တရနေမှာမဟုတ်ကြောင်းနဲ့ ဒီကိစ္စက လီဗာပူးလ်အသင်းရဲ့ အရန်ခုံမှာရှိနေတဲ့ သူတွေဆီကနေ စပြီးလုပ်ဆောင်ခဲ့တာသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး အန်ဆူဖာတီကို စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ ပြင်ဆင်လျက်ရှိနေပြီး စာချုပ်လျော်ကြေးကိုလည်း ပေါင်(၂၇၄)သန်းအထိ ထည့်သွင်းချုပ်ဆိုသွားဖွယ် ရှိနေပါတယ်။ လာမာသီယာအကယ်ဒမီထွက် လူငယ်ကစားသမားကို မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့သေးပြီး ဘာစီလိုနာဘက်က ပယ်ချထားခဲ့ပါတယ်။

မန်စီးတီးအသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ အက်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် အာဆင်နယ်နောက်ခံကစားသမား မူစတာဖီဟာ ဗီလာနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်ခဲ့ရသလို ဝက်ဖိုဒ့်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲကိုရော ချယ်လ်ဆီးအသင်းနဲ့ ကစားရမယ့် အက်အေဖလားဖိုင်နယ်ပွဲတွေကိုပါ ဆက်တိုက်လွဲချော်ရမှာဖြစ်ပါတယ်။