MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

၂၀၀၉ခုနှစ်ကတည်းက ဘောလုံးသမားဘဝကနေ အနားယူထားခဲ့တဲ့ လိဒ်စ်ယူနိုက်တက် ကစားသမားဟောင်းကြီး ဒန်နီမေးလ်စ်က ဘရိုက်တန် နောက်ခံကစားသမား ဘင်ဝှိုက်အနေနဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ချင်နေတာကို အံ့သြမိကြောင်း တကယ်ဆိုရင် အာဆင်နယ်ထက် ပိုပြီးကောင်းမွန်တဲ့ ကလပ်အသင်းကိုသာ ရွေးချယ်သင့်ကြောင်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဘရာဇီး လူငယ်တောင်ပံကစားသမားလေး ဗင်နီစီယပ်စ်ဂျူနီယာဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်ရဲ့ အနှစ်သက်ဆုံး ကစားသမားဖြစ်တာကြောင့် အသင်းကနေ ရောင်းချမှာ မဟုတ်ကြောင်း သိရှိရပါတယ်။

အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်တွေအရ ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းဟာ ရိုးမားအသင်းရဲ့ နယ်သာလန် တောင်ပံကစားသမား ဂျက်စတင်ကလွိုင်းဗက်ကို ခေါ်ယူသွားနိုင်တော့မယ်လို့ သိရှိရပါတယ်။ နိုက်စ်အသင်းဟာ ကလွိုင်းဗက်ကို တစ်ရာသီအငှား+အပြီးသတ်ခေါ်ယူခွင့် ကမ်းလှမ်းချက်နဲ့ ကမ်းလှမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာ အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ဂရီးဇ်မန်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ပြန်လည်ထွက်ပေါ်လျက် ရှိနေတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းဟာ ကွင်းလယ်လူ ဆာအူးနဲ့ ဂရီးဇ်မန်းတို့ရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်ခဲ့မယ်ဆိုရင်တောင် အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်ကိုတော့ လုံးဝရောင်းချသွားမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။

အာဆင်နယ်အသင်းဟာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ကစားချင်နေတဲ့ အသင်းရဲ့ စပိန်ညာနောက်ခံလူ ဟက်တာဘယ်လာရင်ရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တတ်လှမ်းလာခဲ့တဲ့ နောဝစ်ချ်စီးတီးအသင်းရဲ့ ညာနောက်ခံကစားသမား မက်စ်အာရွန်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။