MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသက်(၁၉)နှစ်သာရှိသေးတဲ့ မန်စီးတီးအသင်းရဲ့ ဆယ်ကျော်သက်အရွှယ် ညာတောင်ပံကစားသမားလေး ဖီလစ်ကိုဟေးရားကို ဂျုဗင်တပ်စ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို(၁၀.၅)သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဒီပေါ်တူဂီလူငယ်ကစားသမားလေး မန်စီးတီးအသင်းကြီးမှာ တစ်ခါမှ ပါဝင်ကစားရသေးခြင်းမရှိပေမယ့် လူငယ်အသင်းမှာတော့ ခြေစွမ်းပြထားခဲ့တဲ့ ကြယ်ပွင့်ကစားသမားလေးတစ်ယောက်ဖြစ်ပါတယ်။

ဆာနေးကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ဂိုးသွင်းစက် လီဝန်ဒေါစကီးရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်မယ့် လူငယ်တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူသွားဖွယ်ရှိနေသေးပြီး လက်ရှိမှာတော့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ကစားသမား ဟာလန်းကို မျက်စိကျနေတယ်လို့ သိရှိရပါတယ်။

အာဖရိကဘောလုံးအဖွဲ့ချုပ်က လာမယ့်၂၀၂၁ခုနှစ်မှာ ကျင်းပပြုလုပ်သွားဖို့ရှိနေတဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ဂယက်တွေကြောင့် တစ်နှစ်နောက်ဆုတ်လိုက်ကြောင်းနဲ့ ၂၀၂၂ခုနှစ်မှသာ ဆက်လက်ကျင်းပနိုင်တော့မှာဖြစ်ကြောင်း ၂၀၂၀ အာဖရိကနိုင်ငံများဖလား အမျိုးသမီးပြိုင်ပွဲကိုတော့ ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား အန်တိုနီယိုဂရစ်ဇ်မန်းဟာ ဆယ်တာဗီဂိုပွဲအပြင် သူရဲ့အသင်းဟောင်း အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါ(၂)ပွဲဆက်တိုက်ကို အရန်စာရင်းမှာပဲ ပါဝင်နေတာကြောင့် သူရဲ့အနာဂတ်က ပိုမိုလှုပ်ခတ်လာခဲ့ရပြီး ရာသီအကုန်မှာ ဘာစီလိုနာအသင်းကနေတောင် ထွက်ခွာရဖွယ်ရှိနေပါတယ်။

ရိုးမားအသင်းဟာ အာဆင်နယ်အသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားတဲ့ အာမေနီးယား ကွင်းလယ်လူဟင်းနရစ်မစ်ခီတာရန်ကို ရာသီကုန်အထိ အငှားသက်တမ်းတိုးမြှင့်နိုင်ခဲ့သလို နောက်တစ်ရာသီပါ အငှားထပ်ယူဖွယ်ရှိနေပါတယ်။