MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပြင်သစ်လီဂူးကလပ် မာဆေးလ်အသင်းဟာ ရိုးမားအသင်းရဲ့ ဂိုးသမားဖြစ်သူ ပါအူလိုပက်ဇ်နဲ့ တူရကီကွင်းလယ်ကစားသမား အန်ဒါတို့ကို ခေါ်ယူသွားဖို့အတွက် သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုကနေ ဖော်ပြလာခဲ့သလို ရိုးမားအသင်းဘက်ကလည်း ဂိုးသမား ပက်ထရစ်စီယိုနဲ့ ကွင်းလယ်လူချာကာတို့ကို ခေါ်ယူနိုင်တော့မယ်လို့ သိရှိရပါတယ်။

မကြာခင်မှာပဲ ဘော်ဒိုးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပြင်သစ်ဝါရင့်ကစားသမား ဘင်အာဖာကို လီဂူးချန်ပီယံ လိုင်လီအသင်းကနေ ခေါ်ယူသွားဖို့အတွက် စီစဉ်လျက်ရှိနေပါတယ်။ အသက်(၃၄)နှစ်အရွှယ် ကစားသမား ဘင်အာဖာအနေနဲ့ လိုင်လီနဲ့သာ လက်တွဲဖြစ်ခဲ့မယ်ဆိုရင် လိုင်လီက ဘင်အာဖာအတွက် သတ္တမြောက် လီဂူးကလပ်အသင်းတစ်သင်း ဖြစ်လာပါလိမ့်မယ်။

ယူရို-၂၀၂ဝပြိုင်ပွဲကနေ စောစီးစွာ ထွက်လာခဲ့ရတဲ့ ဂျာမနီလက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ယော်ဂင်လိုးက နှစ်ရှည်များစွာ တာဝန်ယူခဲ့ရတဲ့ ဂျာမနီနည်းပြရာထူးကို နည်းပြသစ် ဟန်ဆီဖလစ်ဆီ တာဝန်လွဲပြောင်းပေးရတော့မှာဖြစ်ပေမယ့် နည်းပြလစ်လပ်လို့နေတဲ့ နယ်သာလန်အသင်းရဲ့ နည်းပြရာထူးကိုတော့ စိတ်ဝင်စားခြင်းမရှိဘူးလို့ ပြောဆိုထားခဲ့ပါတယ်။

လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ စပိန်လာလီဂါပွဲစဉ်ဇယားတွေကို ထုတ်ပြန်လာခဲ့ရာ လာလီဂါအဖွင့်ပွဲမှာ လက်ရှိချန်ပီယံ အသက်လက်တီကိုက ဆယ်လ်တာဗီဂိုအသင်း ရီးယဲလ်က အလာဗက်စ်အသင်း ဘာစီလိုနာက ဆိုစီဒက်အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သြဂုတ်လ(၁၅)ရက်နေ့မှာပဲ စတင်ကျင်းပသွားမှာဖြစ်ကာ အောက်တိုဘာ(၂၄)ရက်နဲ့ ၂၀၂၂ မတ်လ(၂၀)ရက်နေ့တွေမှာတောါ အယ်ဂလက်စီကိုဒါဘီပွဲတွေကို ကျင်းပမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းမှာ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာနဲ့ ဒီနွေစျေးကွက်အတွင်းမှာ လမ်းခွဲခဲ့မယ်ဆိုရင် သူ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီကွင်းလယ်လူ လီယွန်ဂေါ့ရက်ဇ်ကာကို ပစ်မှတ်ထားနေတယ်လို့ ဂျာမန်သတင်းစာ Blid ကနေ ဖော်ပြသွားခဲ့ပါတယ်။