MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကတော့ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် လာလီဂါသွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေကို အများဆုံးဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပေမယ့် မာကာသတင်းစာကနေ ဆန္ဒမဲကောက်ယူခဲ့တဲ့ ဒီနှစ်ရာသီ ဘာစီလိုနာအသင်းရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားစာရင်းမှာ ဂိုးသမားစတီဂန်ရဲ့နောက် ဒုတိယနေရာမှာသာ ရွေးချယ်ခံခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနောက်ပိုင်းပွဲစဉ်တွေမှာ နည်းပြအာတီတာနဲ့ အဆင်မပြေဖြစ်နေရတဲ့ ကွင်းလယ်လူဂွမ်ဒူဇီနဲ့ လက်တွဲဖြုတ်ဖို့ အလွန်နီးစပ်လျက်ရှိနေပြီး လတ်တလောမှာတော့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုနဲ့ ဂွမ်ဒူဇီတို့ ကစားသမားချင်း အလဲအလှယ်ပြလုပ်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ပဲလေ့စ်နဲ့ပွဲအပြင် ဒီနေ့ညမှာ ကစားသွားမယ့် ချယ်လ်ဆီးအသင်းနဲ့ အက်အေဖလားပွဲကိုပါ ဆက်လက်လွဲချော်ရဦးမှာဖြစ်ပြီး လူငယ်ကစားသမားလေး ဝီလီယံစ်အနေနဲ့လည်း အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပေမယ့် သူရဲ့အမြင်အာရုံ ပြန်ကောင်းလာမှသာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

အေဂျက်စ်အသင်းရဲ့ဘယ်နောက်ခံကစားသမား တာဂလီအာဖီဂိုဟာ ချယ်လ်ဆီးအသင်းရဲ့ ကာလရှည်ကြာ ပစ်မှတ်ထားခံရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ချယ်လ်ဆီးက လက်စတာနောက်ခံလူ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ ခဲယဉ်းနေချိန်မှာ ဒီကစားသမားကို ပိုမိုပစ်မှတ်ထားလာခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ အာဂျင်တီးနား နောက်ခံလူကို အသက်လက်တီကိုမက်ဒရစ်အသင်းကပါ ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပြီဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ တိုရီနိုအသင်းရဲ့ အီတလီတိုက်စစ်မှူး ဘယ်လော့တီကို ခေါ်ယူဖို့အတွက် ပြင်ဆင်လျက်ရှိနေပြီး ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့တော့မယ့် အသင်းရဲ့တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်နေရာမှာ အစားထိုးဖို့ ချိန်ရွှယ်နေတာဖြစ်ပေမယ့် လက်ရှိမှာ ဘယ်လော့တီကို အင်တာနဲ့အပြိုင် မန်ချက်စတာယူနိုက်တက်အသင်းကပါ ခေါ်ယူဖို့ စိတ်ဝင်စားလို့နေပါတယ်။