MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၄ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က အသင်းရဲ့ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီအနေနဲ့ ဒီနေ့ညမှာ ကစားသွားရမယ့် နောရစ်ချ်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပါဝင်ကစားနိုင်ဖို့ လုံလောက်တဲ့ ကြံခိုင်ရေးအခြေအနေမှာ ရှိမနေပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အက်အေဖလား ဆီမီးဖိုင်နယ်ပွဲမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

ဒီရက်ပိုင်းလေးအတွင်းမှာ ဂျာမန်ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့တဲ့ စပါးကွင်းလယ်လူ အမ်ဒွန်ဘီလီဟာ လာမယ့်နွေစျေးကွက်မှာ ဘိုင်ယန်အသင်းဆီကို ရောက်ရှိလာဖို့ အတော်လေးကို ရေပန်းစားလာခဲ့ပြီး ဘာကာယိုကိုထက် အမ်ဒွန်ဘီလီကိုပဲ ဦးစားပေးခေါ်ယူဖွယ် ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမယ့်စျေးကွက်အသင်းမှာ အေဂျက်စ်အသင်းရဲ့ ဂိုးသမားဖြစ်သူ အိုနာနာကို ကမ်းလှမ်းသွားဖို့ အသေအချာကို ပြင်ဆင်လျက်ရှိနေပြီး ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့လည်း ပုံမှန်အချိတ်အဆက်တွေ လုပ်နေလျက်ရှိနေသလို ပြောင်းရွှေ့ကြေး ပေါင်(၂၆)သန်းလောက်နဲ့ ခေါ်ယူဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုအနေနဲ့ ကောလဟာလတွေ ထွက်ပေါ်ထားသလို လာမယ့်စျေးကွက်အတွင်းမှာ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖွယ်မရှိပဲနဲ့ သူနဲ့ဂျုဗင်တပ်စ်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၂ခုနှစ် ဇွန်လ(၃၀)ရက်နေ့ထိ ဂျုဗင်တပ်စ်မှာပဲ ဆက်လက်ရှိသွားမှာဖြစ်တယ်လို့ အီတလီနာမည်ကျော် သတင်းမီဒီယာကြီး Tuttosports ကနေ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ မနေ့ညက ဆောက်သမ်တန်အသင်းနဲ့ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းနဲ့ ပွဲထွက်ကစားခဲ့တာကြောင့် သူရဲ့ယူနိုက်တက်ကစားသမားဘဝ ပြိုင်ပွဲစုံပွဲ(၄၀၀)ပြည့်သွားခဲ့ပြီဖြစ်ပြီး ဆောက်သမ်တန်နဲ့ပွဲမှာ Clean Sheet မရခဲ့ပေမယ့် အဲ့ဒီပွဲ(၄၀၀)ရာအတွင်းမှာတော့ Clean Sheets အကြိမ်(၁၄၀)အထိ ရယူနိုင်ခဲ့ပါတယ်။