MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

တူရကီကလပ် ထရက်ဇွန်စပေါအသင်းနဲ့ စာချုပ်ကုန်ဆုံးသွားခဲ့ရတဲ့ ၂၀၂ဝခုနှစ် မတ်လကနေစတင်ပြီး လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ဒန်နီရယ်စတာရစ်ချ်ဟာ လတ်တလောမှာတော့ စပိန်လာလီဂါပြိုင်ပွဲဆီ တန်းပြန်တတ်လာခဲ့တဲ့ ရီးယဲလ်မာယော့ကာအသင်းဆီမှာ လေ့ကျင့်ခန်းတွေ ဆင်းလို့နေသလို အသင်းနဲ့လည်း စာချုပ်ချုပ်ဆိုဖွယ်လည်း ရှိလို့နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနှစ် နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ ဝေးလ်စ်တောင်ပံကစားသမားလေး ဒန်နီရယ်ဂျိမ်းစ်ကို ရောင်းချသွားဖို့ အစီအစဉ်ရှိနေပြီး ဒီကစားသမားကိုလည်း လိဒ်စ်ယူနိုက်တက်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

ဟိုဆေးမော်ရင်ဟို ကိုင်တွယ်လို့နေတဲ့ ရိုးမားအသင်းဟာ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ချယ်လ်ဆီးနောက်ခံကစားသမား ဇူးမားကို စိတ်ဝင်စားလျက်ရှိနေပြီး ချယ်လ်ဆီးအသင်းကတော့ သူတို့ကစားသမားကို ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀) ပေးချေသွားရမယ်လို့ အသိပေးလိုက်ပါတယ်။

အီတလီစီးရီးအေပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းဟာ နွေစျေးကွက်အတွင်းမှာပဲ ဘယ်ဂျီယံကလပ် စတန်းဒတ်လိဂ်အသင်းမှာ ပါဝင်နေတဲ့ သူတို့ရဲ့နောက်ခံလူဟောင်း ဇင်ညိုဗန်ဟောက်ဇ်ဒန်ကို ယူရို(၁၂)သန်း (၅)နှစ်စာချုပ်နဲ့ ပြန်လည်ခေါ်ယူဖြစ်ခဲ့ပြီး အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး အက်စပိုတီယိုကိုတော့ ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းဆီ တစ်ရာသီအငှားနဲ့ စေလွှတ်ခဲ့ပါတယ်။

ဒီနှစ်နွေစျေးကွက်အတွင်းကမှ ရီးယဲလ်မက်ဒရစ်ကနေ ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်က သူရဲ့အသင်းဖော်ဖြစ်လာတော့မယ့် ဘာပေဟာ အနာဂတ်ကာလမှာ ရီးယဲလ်ကို ရောက်ရှိကောင်း ရောက်ရှိနိုင်ပါစေပေမယ့် အခုလောလောဆယ်တော့ ပီအက်စ်ဂျီမှာပဲ ဆက်လက်ရှိနေစေချင်သေးတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။