MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၂ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်တဲ့ဆိုးလ်ရှားက အသင်းမှာ အတော်လေး ခြေစွမ်းပြသလို့နေတဲ့ လူငယ်ကစားသမားလေး မေဆန်ဂရင်းဝုဒ်က သူရဲ့သွင်းဂိုးတွေကြောင့်ပဲ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားဖို့တောင် မဖြစ်နိုင်လောက်အောင်ကို ဖြစ်နေခဲ့ရပြီလို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက သူရဲ့အသင်းအနေနဲ့ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်အကြောင်းကို ကြိုတင်တွေးတောနေမယ်ဆိုရင် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဖြုတ်ချခြင်းကို ခံသွားရလိမ့်မယ်လို့ သတိပေးစကားပြောဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်ဘယ်နောက်ခံကစားသမားကြီး မာဆယ်လိုဟာ ဘီလ်ဘာအိုနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် ရီးရဲလ်ရဲ့လက်ကျန်လာလီဂါပွဲစဉ်တွေကို လွဲချော်ရဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ဘရာဇီးနောက်ခံအစွန်လူက မန်စီးတီးအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်အမီ ပြန်လည်သက်သာလာဖွယ် ရှိနေပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက သူရဲ့ဘောလုံးသမားဘဝအတွင်း ဆုဖလားအောင်မြင်မှုတွေ ဘလွန်းဒီအောလို တစ်ဦးချင်းအကောင်းဆုတွေကို များစွာပိုင်ဆိုင်ခဲ့ပေမယ့် ၂၀၁၆ခုနှစ် ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ယူရိုဆုဖလားကို ကိုင်မြှောက်ခွင့်ရခဲ့ခြင်းက အမှတ်တရအဖြစ်ဆုံးနဲ့ သူရဲ့ကစားသမားဘဝအတွက် အရေးအပါဆုံး အခိုက်အတန့်လို့ ပြောဆိုလာခဲ့ပါတယ်။

လက်စတာစီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြသထားနိုင်ခြင်းမရှိပဲ ရုန်းကန်နေရတဲ့ ဆာဘီးယားတိုက်စစ်ကစားသမားလေး လူကာဂျိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဗာဒီနဲ့ တွဲဖက်အသုံးပြုချင်နေပါတယ်။ လက်စတာအသင်းဟာ ဂျိုဗစ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ ကမ်းလှမ်းလာဖွယ်ရှိနေပါတယ်။