MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အဲဗာတန်အသင်းဟာ ညာနောက်ခံနေရာကို အားဖြည့်တင်းသွားဖို့အတွက် ယူရို-၂၀၂ဝပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်တဲ့ နယ်သာလန် ညာနောက်ခံလူ ဒမ်ဖရိုင်းစ်နဲ့ ကလပ်အသင်းများစွာရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ နောဝစ်ချ်လူငယ် နောက်ခံအစွန်လူ မက်စ်အာရွန်တို့ထဲက တစ်ယောက်ယောက်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

The Athletic သတင်းမီဒီယာရဲ့ ဖော်ပြချက်များအရ စပါးအသင်းဟာ ဒီနှစ်နွေရာသီ အပြောင်းအရွေ့ စျေးကွက်အတွင်းမှာ အသင်းရဲ့ စီနီယာကစားသမား(၃)ယောက်ဖြစ်တဲ့ ညာနောက်ခံလူ ဆာဂျီအော်ရီယေး ကွင်းလယ်ခံစစ်ကစားသမား မူဆာဆစ်ဆိုခိုနဲ့ တောင်ပံကစားသမား အဲရစ်လာမယ်လာတို့နဲ့ လက်တွဲဖြုတ်သွားတော့မယ်လို့ သိရှိရပါတယ်။

နာမည်ကျော် ဘောလုံးအပြောင်းအရွေ့ ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်တွေအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်နွေမှာ အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်နဲ့ လက်တွဲဖြုတ်သွားဖို့ အစီအစဉ်မရှိပဲ သူ့ကို အသင်းဘက်ကနေ ပြီးခဲ့တဲ့ ရာသီကထက် အခုရာသီမှာ ပွဲထွက်ကစားခွင့်တွေ ပိုမိုပေးသွားမယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး ဖေးလ်ဖိုဒန်ဟာ စနေနေ့က ကျင်းပခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်ကို ဒဏ်ရာပြသာနာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိတာလို့ ဒီနေ့ည အီတလီအသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကိုပါ လွဲချော်ရနိုင်ခြေ ရှိနေတယ်လို့ သိရှိရပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ ဥရောပဝင်ခွင့် ရရှိထားခဲ့တဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာ ပျောက်ဆုံးလို့နေတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို ပြောင်းရွေ့ကြေး ပေါင်(၃၅)သန်းနဲ့ ခေါ်ယူသွားဖို့အတွက် ပြင်ဆင်လျက်ရှိနေပြီး ချယ်လ်ဆီးအသင်းဘက်ကနေလည်း အေဘရာဟမ်ကို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

အာဂျင်တီးနား ကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် စတင်ပွဲထွက်ချိန်ကနေ (၁၆)နှစ်တာဝန်းကျင်အထိ နိုင်ငံတကာဆုဖလားတွေနဲ့ လွဲချော်လာခဲ့ရပေမယ့် လက်ရှိမှာတော့ ဘရာဇီးအသင်းကို အနိုင်ယူပြီး သူရဲ့ကစားသမားအတွင်း ပထမဦးဆုံး နိုင်ငံတကာမေဂျာဆုဖလားတစ်ခုအဖြစ် ကိုပါအမေရိကဖလားကြီးကို စတင်ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။